👶 ဖေဖေ မေမေတို့ရေ…အသက် (၉) နှစ်အောက် ဘေဘီလေးတွေမှာ နေမကောင်းဖြစ်တဲ့အခါ…rhinovirus ဆိုတဲ့ ဗိုင်းရပ်စ်ပိုးလေးက ပုန်းလျှိုးကွယ်လျှိုး တရားခံဖြစ်ဖို့များတာကို ဇီဝကမှ ပြောပြပါဦးမယ်ရှင့်

🦠 Rhinovirus ဆိုတာဘာလဲ?
Rhinovirus က သာမန်အအေးမိခြင်းကို အဖြစ်များစေတဲ့ ဗိုင်းရပ်စ်တစ်မျိုးပါ။
အသက်ငယ်တဲ့ကလေးတွေမှာ ကိုယ်ခံအားနည်းသေးတာကြောင့် တစ်နှစ်ထဲမှာတောင် သူ့ကြောင့် ၈ ကြိမ်ကနေ ၁၂ ကြိမ်လောက်အထိ အအေးမိတတ်ကြပါတယ်။ 😔
ကလေးငယ်တွေမှာ rhinovirus ကူးစက်ခံရရင် တွေ့ရတဲ့ ရောဂါလက္ခဏာတွေကတော့—
နှာရည်ယို/ နှာပိတ်ခြင်း/ နှာချေခြင်း
အစိမ်းရောင် သို့မဟုတ် အဝါရောင်နှာရည်များထွက်ခြင်း
လည်ချောင်းနာ/ ချောင်းဆိုးခြင်း
ဖျားခြင်းတို့ ဖြစ်ပါတယ်။
ဒါပေမဲ့…👇👇
📣 အောက်ပါလက္ခဏာများရှိလာခဲ့ရင်တော့ ဆရာဝန်နဲ့ ပြသဖို့ မမေ့ပါနဲ့နော်
အဖျားနှစ်ရက်ထက် ကျော်သွားခြင်း
မကြာခဏ အော့အန်ခြင်း
ရေတိုက်လို့ မရခြင်း
အဆက်မပြတ် ချောင်းဆိုးခြင်း
မျက်လုံးမှ အလင်းရောင်ကို မခံနိုင်ခြင်း
ပုံမှန်ထက် ဆီးသွားတာ ထက်ဝက်လျော့နည်းခြင်းတို့ ဖြစ်ပါတယ်။
💊 ကုသနည်းများ
rhinovirus အတွက် တိုက်ရိုက်ကုသဆေးမရှိသော်လည်း
အဖျားကျအောင် ပါရာစီတမောတိုက်လို့ရပါတယ်
နှာပိတ်ခြင်းအတွက် နှာခေါင်းအစက်ချဆေးရည် ထည့်လို့ရပါတယ်
ဆားရေနဲ့ ပလုတ်ကျင်းခိုင်းရပါမယ်
ငုံဆေးငုံတတ်တဲ့အရွယ်ဆိုလျှင် လည်ချောင်းနာသက်သာအောင် ငုံဆေးငုံခိုင်းလို့ရပါတယ်
🙅♀️ rhinovirus ကူးစက်ခြင်းမခံရအောင် ကာကွယ်ဖို့…
လူများတဲ့ နေရာသွားလျှင် Mask တပ်ပါ 😷
လက်ကို ဆပ်ပြာနဲ့ မကြာခဏဆေးပါ
ချောင်းဆိုး၊ နှာချေတဲ့အခါ အုပ်ဆိုးပါ
ဖျားနာသူတွေနဲ့ ဝေးဝေးနေပါ
နေမကောင်းရင် ကျောင်းမသွားခိုင်းဘဲ အိမ်မှာပဲအနားပေးပါ
📌 တစ်ကိုယ်ရေသန့်ရှင်းမှု အားကောင်းခြင်းက ရိုးရှင်းပေမယ့် ရောဂါပိုးမွှားများရန်မှ ကာကွယ်နိုင်တဲ့ စွမ်းအားအကြီးဆုံးလက်နက်ဖြစ်ပါတယ်။ ဒါကို ဖေဖေမေမေတို့ သတိပြုမိပြီး မိမိတို့ရင်သွေးငယ်တွေကို ကျန်းမာအောင် ဂရုစိုက်နိုင်ဖို့ ဇီဝကမှ ချစ်ခြင်းများစွာဖြင့် rhinovirus အကြောင်းကို မျှဝေလိုက်ခြင်းဖြစ်ပါတယ်ရှင့်