🩸 နှာခေါင်းသွေးလျှံခြင်းဆိုတာဟာ…

နှာခေါင်းအတွင်းမှ သေးငယ်နုနယ်သော သွေးကြောများ ပေါက်ပြဲသွားတဲ့အခါမှာ နှာခေါင်းသွေးယိုခြင်းတွေ ဖြစ်ပေါ်တတ်ပါတယ်။ ဒီလို သွေးကြောပေါက်စေတဲ့ အကြောင်းရင်း အများစုကတော့ –
▪️ ခန္ဓာကိုယ်အတွင်း ရေဓာတ်ခမ်းခြောက်ခြင်း
▪️ ရာသီဥတု အေးခြင်းကြောင့် နှာခေါင်းအတွင်းပိုင်း ခြောက်သွေ့ခြင်း
▪️ နှာခေါင်းနှိုက်ခြင်း
▪️ ပြင်ပမှ အရာဝတ္ထုတစ်ခုခုဖြင့် နှာခေါင်းကို ပြင်းထန်စွာ ထိခိုက်မိခြင်းတို့ကြောင့်ပါပဲ။

🛫 တစ်ခါတစ်ရံမှာတော့ လေယာဉ်စီးသည့်အချိန်မျိုးမှာ အမြင့်ပေ တိုးလာတာနှင့်အမျှ လေဖိအား လျော့နည်းသွားကာ ခန္ဓာကိုယ်အတွင်းပိုင်းဖိအားကို များစေတာကြောင့်လည်း နှာခေါင်းသွေးယိုတတ်ပါတယ်။

ရုတ်တရတ် နှာခေါင်းသွေး လျှံလာတဲ့အခါ…
🔺 ခေါင်းကို မော့လိုက်ခြင်းက နှာခေါင်းမှ အပြင်ကိုထွက်ကျသော သွေးပမာဏကို လျော့ကျစေသော်လည်း သွေးက လည်ချောင်းအတွင်းကို စီးသွားပြီး ပျို့ခြင်း၊ အော့အန်ခြင်းနှင့် ဝမ်းလျှောခြင်းတို့ ဖြစ်စေနိုင်ပါတယ်။
🔺 ခေါင်းငုံ့မယ်ဆိုရင်လည်း နှလုံး level အောက် ရောက်သည်အထိ အလွန်အကျွံ ငုံ့လိုက်မယ်ဆိုရင် နှာခေါင်းသွေး ပိုလျှံတတ်တာကြောင့် ခန္ဓာကိုယ်ကို အရှေ့သို့ အနည်းငယ်ပဲ ကိုင်းထားသင့်ပါတယ်။

ဒါကြောင့် နှာခေါင်းသွေးလျှံရင် လုပ်ဆောင်သင့်တဲ့အချက်တွေက…
⭕️ နှာခေါင်းပေါက်နှစ်ဖက်ကို တစ်လှည့်စီ (၅) မိနစ်လောက် လက်ဖြင့် ညင်သာစွာ ပိတ်ထားပါ။
⭕️ မျက်ခုံးနှစ်ခုကြားရှိ နှာခေါင်းထိပ်ကို ရေခဲကပ်နိုင်ပါတယ်။
⭕️ သွေးထွက်တာ ရပ်သွားပြီဆိုလျှင်လည်း မကုန်းမိအောင်၊ နှာမညှစ်မိအောင် သတိထားရပါမယ်။
⭕️ သွေးမတိတ်သည့် ရောဂါရှိလျှင်၊ သွေးကျဲဆေးသောက်နေရလျှင်တော့ ဆရာဝန်နှင့်ပြဖို့ လိုအပ်ပါတယ်။

နှာခေါင်းသွေးယိုနေလျှင် မလုပ်ရမည့် အချက်များမှာ…
❌ နှာခေါင်းထဲသို့ တစ်သျှူးလို အသုံးအဆောင် ပစ္စည်းတစ်ခုခု ထိုးထည့်ခြင်း
❌ နှာခေါင်းထဲသို့နှိုက်ခြင်း၊ နှာညှစ်ခြင်း
❌ ခေါင်းမော့ခြင်း၊ လှဲအိပ်ခြင်း
❌ သွေးပေါင်ချိန်ကို မြင့်တက်စေသည့် ပြင်းထန်သော လှုပ်ရှားမှုများလုပ်ခြင်း၊ အလေးအပင် မ ခြင်း
❌ နှာခေါင်းသွေးယိုပြီး (၂) ရက်အတွင်း aspirin, ibuprofen, naproxen စသည့် သွေးကျဲစေသည့် ဆေးများ သောက်ခြင်းတို့ ဖြစ်ပါတယ်။

🔻 နှာခေါင်းသွေးယိုတာဟာ များသောအားဖြင့် စိုးရိမ်စရာမလိုအပ်ဘဲ မိနစ်အနည်းငယ်ကြာလျှင် သူ့အလိုလို ရပ်သွားတတ်ပါတယ်။ ဒါပေမယ့် မိနစ် (၂၀) ထက် ကြာအောင် မရပ်မနား နှာခေါင်းသွေးလျှံနေလျှင်၊ အသက်ရှူရ ခက်လာလျှင်၊ နှာခေါင်းသွေးကို မျိုချမိရမှ ပျို့အန်လျှင်၊ မကြာခဏ နှာခေါင်းသွေးယိုတတ်တယ်ဆိုလျှင်တော့ ဆေးဝါးကုသမှု ခံယူဖို့ လိုအပ်ပါတယ်။

လိုအပ်သည့်အချိန်တွင် ကုသမှုခံယူခြင်းသည် သွေးဆုံးရှုံးမှု၏ အကျိုးဆက်များကို ကာကွယ်နိုင်သည့်အပြင် ဖြစ်နိုင်ခြေရှိသော နောက်ခံ ကျန်းမာရေးအခြေအနေအတွက် ရောဂါရှာဖွေခြင်း (သို့မဟုတ်) ကုသမှုကို ရရှိစေရန် ကူညီပေးနိုင်မှာပါ…💜

Leave a Comment