💁 ဘာကြောင့် အရိုးအားဆေးတွေမှာ MSM ပါတာကို ရွေးချယ်သောက်သုံးသင့်တာလဲ

✅ MSM ( Methyl-Sulfonyl-Methane ) ကို ခန္ဓာကိုယ်ရှိ ဦးနှောက်နှင့် ကျောရိုးမကြီးအား ဝန်းရံထားတဲ့ Cerebrospinal fluid နှင့် သွေးရည်ကြည်ထဲမှာ တွေ့ရပါတယ်။ လူ့ခန္ဓာကိုယ်အပြင် လတ်ဆတ်သော အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များ၊ အစေ့အဆံများ၊ နွားနို့တို့မှာလည်း တွေ့ရပါတယ်။

✳️ MSM မှာပါတဲ့ sulfur ဓာတ်ဟာ အရိုးအဆစ်များရှိ တွယ်ဆက်တစ်သျှူးများကို ပုံမှန်အတိုင်း လှုပ်ရှားနိုင်အောင် ထိန်းညှိပေးပါတယ်။ Sulfur က အဆစ်နေရာရှိ အရိုးနုများ ကြံ့ခိုင်ပြီး မပျက်စီးဖို့ရာအတွက် အရေးပါတဲ့ ပါဝင်ပစ္စည်းတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် MSM ကို အရိုးနုများ ပျက်စီးပြီး အဆစ်များ ရောင်ရမ်းနာကျင်နေသူများတွင် သောက်သုံးဖို့ လိုအပ်ပါတယ်။ လက်၊ တင်ပါး၊ ဒူးနေရာတွေမှာဆိုရင် အရိုးအဆစ်ရောင်ရမ်းနာကျင်ခြင်းများ ပို၍ အဖြစ်များပါတယ်။

MSM ကို အစာစားပြီးချိန် တစ်ရက်လျှင် 2-6 g ကို (၂) ကြိမ်၊ (၃) ကြိမ် ခွဲသောက်နိုင်ပါတယ်။ MSM မှာ အရိုးအဆစ် ရောင်ရမ်းနာကျင်ခြင်းအတွက်အပြင်
⭕️ သွေးလည်ပတ်မှု ကောင်းစေခြင်း၊
⭕️ Free radicals များကို ဖယ်ရှားပေးခြင်းဖြင့် ကင်ဆာရောဂါများမှ ကာကွယ်ပေးခြင်း၊
⭕️ ဓာတ်မတည့်မှုများကို သက်သာစေခြင်း၊
⭕️ ကြွက်သားနာကျင်မှုများကို ပြေလျော့စေခြင်းနှင့်
⭕️ ကိုယ်ခံအားကောင်းစေခြင်း စတဲ့ အကျိုးကျေးဇူးတွေလည်း ရှိပါသေးတယ်။

🌐 ဈေးကွက်ထဲတွင် MSM ကို အရိုးအဆစ်များအား ခိုင်ခံ့စေသော Glucosamine, Chondroitin တို့နှင့် တွဲဖက်ပြီး ထုတ်လုပ်ရောင်းချကြပါတယ်။ Viva Icon Bone, Triflex (GNC) စတဲ့ ထုတ်ကုန်တွေက အဆစ်များကို သက်သောင့်သက်သာဖြစ်စေပြီး ချောမွေ့စွာ လှုပ်ရှားနိုင်အောင် လုပ်ဆောင်ပေးနိုင်တဲ့အတွက် ဒူးနာ၊ ခါးနာ၊ ကျီးပေါင်း ဝေဒနာသည်များအနေဖြင့် ပုံမှန်မှီဝဲပေးသင့်ကြောင်း တင်ပြလိုက်ပါတယ်ရှင်…💜

Leave a Comment