အအေးမိနေချိန် နွားနို့သောက်သင့်လား

“အအေးမိ၊ချောင်းဆိုးပြီး အဖျားပါဝင်နေတော့ အားရှိသွားအောင် နွားနိုလေးကိုသောက်လိုက်”

❗️ Wait! Wait! ဟိုးထား ဆရာရေ ❗️
နည်းနည်းလေးတော့ လွဲနေပါပြီ။ လွဲလွဲလေး အတိုင်းပဲထားဖိုတော့ အဆင်မပြေဘူးမို့ ဒီအလွဲလေးကို ဇီဝက က အဖြေရှာပေးပါမယ်…🧐

🥛 အအေးမိ၊ ချောင်းဆိုးတဲ့အခါမှာ နွားနိုသောက်တာ တကယ် အားရှိစေပါသလား? 🤔
ဇီဝကရဲ့ အဖြေလေးကတော့ နိုးပါနော်…🙅‍♀️

👉အအေးမိတဲ့အခါ ထွက်လေ့ရှိတတ်တဲ့ ချွဲသလိပ်များဟာ ပြင်ပကနေဝင်ရောက်ထားတဲ့ နေမကောင်းဖြစ်စေတဲ့ ပိုးမွှားများကို ပိတ်ထားရာရောက်စေပါတယ်။
နွားနိုသောက်လိုက်တဲ့အခါ ထိုချွဲသလိပ်တွေကို ပိုထူစေပြီး မကောင်းတဲ့ပိုးမွှားများကို ဖယ်ရှားဖို့ ပိုခက်သွားစေတဲ့အတွက် နေမကောင်းဖြစ်ခြင်းကို မြန်မြန်မသက်သာစေနိုင်တာ တွေ့ရပါတယ်။ 🙅

❕သာမန် အချိန်တွေမှာ နွားနို သောက်သုံးခြင်းဟာ ကောင်းကျိုးတွေ အများအပြား ရရှိစေနိုင်တာ မှန်ပေမယ့် အအေးမိတဲ့အချိန်တော့ နွားနိုနဲ့ ဝေးဝေးရှောင်တာ အကောင်းဆုံးပါပဲ။

🕵️‍♀️ ဒီတော့ ဇီဝကရှားလော့စ်ဟုမ်းက နွားနို အမှုအလွဲလေးကို ဖြေရှင်းပေးလိုက်ပါပြီ။ အခုလို အအေးမိလွယ်ပြီး အစိုးမရတဲ့ မိုးရာသီမှာ ဇီဝကချစ်သူတိုအားလုံး ကျန်းမာရေးဂရုစိုက်ဖိုကိုလည်း မှာချင်ပါသေးတယ်ရှင့်…💜💜

Leave a Comment