မရှိမဖြစ် ဇင့် (or) လူတိုင်းအတွက် မရှိမဖြစ် ဇင့်

💁🏻 မရှိမဖြစ် ဇင့်
⭕️ ဇင့်ဟာ ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်တဲ့ သတ္ထုဓာတ် တစ်မျိုး ဖြစ်ပါတယ်။ ဇင့်ကို ပင်လယ်စာ၊ ကြက်သား၊ အနီရောင် ရှိသောအသား၊ cereals တို့ကနေ ရရှိနိုင်ပါတယ်။ ကြက်ဥနှင့် နို့ထွက်ပစ္စည်းတွေမှာလည်း ဇင့် ပါဝင်ပါတယ်။

✅ ဇင့်ဓာတ်ရဲ့ အကျိုးအာနိသင်များမှာ
• ကိုယ်ခံအား စနစ်ကို ထောက်ပံ့ပေးနိုင်သည့်အတွက် အအေးမိ ဖျားနာခြင်းများကို အမြန်ဆုံး သက်သာပျောက်ကင်းစေပါတယ်၊ ရောဂါဖြစ်ပွားစေတဲ့ ဘက်တီးရီယား၊ ဗိုင်းရပ်စ်၊ မှိုနှင့် အဆိပ်အတောက်များကို ကာကွယ်နိုင်ဖို့ ကိုယ်ခံအားစနစ်ကို အမြင့်ဆုံး မြှင့်တင်နိုင်အောင် Betaglucan နှင့် တွဲဖက်သောက်သုံးနိုင်ပါတယ်။

• သွေးအားနည်းသူများတွင် Zinc နှင့် Iron တွဲသောက်လျှင် သွေးနီဥ ပမာဏကို ထိထိရောက်ရောက် တိုးစေပါတယ်။ ဒါကြောင့် သွေးအားနည်းသူများတွင် Zinc ရော၊ Iron ရောပါတဲ့ Vita globin ကဲ့သို့ အားဆေးမျိုးကို မှီဝဲသင့်ပါတယ်။

• မွေးကင်းစ ကလေးငယ်များနှင့် ဆယ်ကျော်သက်များတွင် ကျန်းမာစွာ ကြီးထွားဖွံ့ဖြိုးဖို့အတွက် ဇင့်ဓာတ် လိုအပ်ပါတယ်။

• အနာကျက်လည်း မြန်စေပါတယ်။

• အနံ့ခံအာရုံနှင့် အရသာခံနိုင်စွမ်းအတွက် အရေးပါပါတယ်။

• မျက်စိရောဂါများ ဖြစ်ခြင်းကို နှေးကွေးစေပါတယ်။

• ဝက်ခြံများကို သက်သာစေပါတယ်။

• ADHD လက္ခဏာများကို သက်သာစေပါတယ်။

• ဝမ်းပျက်ဝမ်းလျှောကို သက်သာစေပါတယ်။

• သွေးတွင်းသကြားဓာတ်ကို ထိန်းပေးနိုင်ပြီး

• Zinc oxide cream ကိုတော့ ကလေးများ diaper ပူလောင်ခြင်းကို ကာကွယ်ဖို့၊ နေလောင်ဒဏ်မှ ကာကွယ်ဖို့အတွက် အသုံးပြုနိုင်ပါတယ်။

• အရွယ်ရောက်ပြီး အမျိုးသမီးများအတွက် တစ်နေ့လျှင် ဇင့်ဓာတ် 8mg လိုအပ်ပြီး အမျိုးသားများအတွက်တော့ 11mg လိုအပ်ပါတယ်။ အမျိုးသမီးများ ကိုယ်ဝန်ဆောင်ချိန်မှာတော့ 11mg လိုအပ်ပြီး နို့တိုက်ချိန်မှာ 12mg လိုအပ်ပါတယ်။

လူကြီးများ အနေနှင့် တစ်နေ့လျှင် အများဆုံး သောက်သုံးသင့်တဲ့ ပမာဏမှာ 40mg ဖြစ်ပြီး ၆လအောက် ကလေးများကတော့ 4mg အထိသာ သောက်သုံးရပါမယ်။

ဇင့်ကို သောက်သုံးသင့်သည့် ပမာဏထက် ပိုပြီး အချိန်ကြာရှည်စွာ စွဲသောက်မည်ဆိုလျှင် copper ဓာတ် ချို့တဲ့လာတတ်တာကို တွေ့ရပါတယ်။ copper ဓာတ် ချို့တဲ့လျှင် ခြေလက်များ ထုံကျင်ခြင်း၊ အားလျော့ခြင်းများ ဖြစ်တတ်စေပါတယ်။

❗️ ဇင့်ကြောင့် ဖြစ်ပေါ်တတ်တဲ့ ဘေးထွက်ဆိုးကျိုးများမှာ အစာမကြေခြင်း၊ ခေါင်းကိုက်ခြင်းနှင့် ပျို့အန်ခြင်းတွေ ဖြစ်ပါတယ်။

Quinolone (သို့) Tetracycline ပိုးသတ်ဆေးများကို zinc နှင့် တွဲသောက်လျှင် ပိုးသတ်ဆေး အာနိသင်ကို လျော့ကျစေနိုင်ပါတယ်။ ထို့ကြောင့် ပိုးသတ်ဆေးကို ဇင့် မသောက်ခင် ၂နာရီအလို (သို့) သောက်ပြီး အနည်းဆုံး ၄ နာရီ ကြာပြီးမှသာ သောက်သင့်ပါတယ်။

🔻 ဇင့်သည် သွေးလေးဖက်နာတွင် အသုံးပြုသည့် penicillamine ၏ အာနိသင်ကိုလည်း လျော့ကျစေပါတယ်။ ထို့ကြောင့် အနည်းဆုံး ၂ နာရီခြားပြီးမှသာ သောက်သုံးသင့်ပါတယ်။

Furosemide, Torsemide စသည့် ဆီးဆေးများကတော့ ဇင့်၏ အာနိသင်ကို ဆီးထဲတွင် ဆုံးရှုံးမှု များစေနိုင်ပါတယ်။

🔘 ဒီလို အရေးကြီးတဲ့ ဇင့်ရဲ့ ကောင်းကျိုး၊ ဆိုးကျိုးအဖြာဖြာကို သိနားလည်ထားပြီဆိုရင်တော့ အကျိုးရှိရှိ မှီဝဲသုံးစွဲကြဖို့ ဇီဝက မှ မှာကြားလိုက်ပါတယ်။