ခြေထောက်သဲဝဲစားခြင်း အကြောင်းမှတ်သားစရာ အချို့

⛈ အခုလို မိုးရာသီမှာ ခြေထောက်သဲဝဲစားခြင်းဟာ အသက်အရွယ် ကျားမ မရွေး ဖြစ်လေ့ ဖြစ်ထ ရှိတဲ့ ရောဂါ တစ်မျိုးဖြစ်ပါတယ်။ ရေနဲ့ ထိတွေ့ပါများတဲ့ သူတွေ၊ ခြေထောက်ကို အသုံးပြုလှုပ်ရှားရတဲ့ အားကစားသမားတွေထံမှာ အများဆုံး ဖြစ်လေ့ရှိပါတယ်။
❗️ ဒီမှို ရောဂါ စွဲကပ်ရတဲ့ အဓိက အကြောင်းအရင်းကတော့ ခြေထောက်ကို အမြဲစိုစွတ်နေအောင်ထားခြင်း၊ အချိန်ကြာမြင့်စွာ ခြေစွပ်ဝတ်ခြင်းတွေကြောင့်ပဲ ဖြစ်ပါတယ်။
ဒါဆိုရင် ခြေထောက်သဲဝဲစားခြင်းရဲ့ လက္ခဏာ တွေက ဘာများဖြစ်မလဲ? 🤔
❕ ခြေချောင်းကြားတွေနဲ့ခြေဖဝါးမှာ ယားခြင်း၊ တဆစ်ဆစ်စူးခြင်း၊ ပူခြင်း
❕ ခြေဖဝါးမှာ ယားနာအရေကြည်အိတ်ထခြင်း
❕ ခြေဖဝါးအရေပြားများ ကွာကျခြင်း၊
❕ သင့်ခြေဖဝါးအရေပြား ခြေထောက်စောင်းအရေပြားများ ခြောက်သွေ့ခြင်း
❕ ခြေသည်းအရောင်ပြောင်းခြင်း၊ ထူခြင်း၊ ကျိုးပဲ့ခြင်း၊ ခြေသည်းခွံကျွတ်ထွက်ခြင်းတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။
👩⚕️ ဒီရောဂါကို သက်သာစေဖို့ မှိုသတ်ဆေးပါတဲ့ လိမ်းဆေးတွေကို အသုံးပြုနိုင်သလို အိမ်တွင်းကုသနည်းဖြင့်လည်း ကုသနိုင်ပါသေးတယ်။
🥔 အာလူးကို စိပ်ပြီး သဲဝဲ ဖြစ်နေတဲ့ အနာပေါ်ကို တစ်နေ့ (၂) ကြိမ်ပွတ်တိုက်ပေးပါ။ ခြောက်သွေ့အောင် ထားပြီး သန့်ရှင်းတဲ့ ခြေအိတ်ကို ဝတ်ဆင်ထားပါ။
ဒါလေးကတော့ ခြေထောက် သဲဝဲစားခြင်းအတွက် ကုသနိုင်တဲ့ နည်းလမ်းကောင်းလေးတွေပဲ ဖြစ်ပါတယ်…🤗
ဒီနှစ် မိုးတွင်းရက်တွေကို အနာရောဂါ ကင်းကင်း၊ စိတ်ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းနိုင်ကြစေဖို ဇီဝကမှ ဆုတောင်းပေးလိုက်ပါတယ်နော်…💜