💜 ပန်ကရိယကင်ဆာ လူနာတွေအတွက် ဆေးအသစ် Daraxonrasib ကို အမေရိကန် FDA က အတည်ပြုလိုက်ပါပြီ 💊
ကင်ဆာရောဂါတွေထဲမှာ ပန်ကရိယကင်ဆာ (Pancreatic cancer) ဟာ ရောဂါကို စောစောရှာဖွေတွေ့ရှိဖို့ ခက်ခဲပြီး ရောဂါတွေ့ရှိချိန်မှာ အခြေအနေတော်တော်လေး ပြင်းထန်နေတတ်တဲ့ ကင်ဆာတစ်မျိုး ဖြစ်ပါတယ်။
ဒါကြောင့် ဒီလိုကင်ဆာမျိုးအတွက် ကုသမှုအသစ်တစ်ခု ပေါ်လာတာက လူနာတွေအတွက် မျှော်လင့်ချက် ဖြစ်ပါတယ်။ 🌱
📰 ၂၀၂၆ ခုနှစ် ဩဂုတ်လ ၂၆ ရက်နေ့မှာ အမေရိကန်ပြည်ထောင်စုရဲ့ Food and Drug Administration (U.S. FDA) က ပန်ကရိယကင်ဆာ ပျံ့နှံ့နေတဲ့ လူနာတွေအတွက် အသုံးပြုနိုင်မယ့် ဆေးသစ်တစ်မျိုးကို အတည်ပြုလိုက်ပါတယ်။
💊 ဆေးနာမည်က Daraxonrasib လို့ခေါ်ပြီး RASONQUE® ဆိုတဲ့ အမည်နဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။ ဒီဆေးက နေ့စဉ်သောက်သွားရတဲ့ ဆေးဖြစ်ပြီး ကင်ဆာဆဲလ်တွေကို ကြီးထွားစေတဲ့ RAS လို့ခေါ်တဲ့ protein အုပ်စုကို ပစ်မှတ်ထား ချေမှုန်းပေးတာ ဖြစ်ပါတယ်။
📊 ဒီဆေးရဲ့ အကျိုးသက်ရောက်မှုကို စမ်းသပ်တဲ့ လေ့လာမှုမှာ လူနာ (၅၀၀) ခန့် ပါဝင်ခဲ့ပါတယ်။
ရလဒ်အနေနဲ့
🔹 Daraxonrasib သုံးတဲ့ လူနာအုပ်စုမှာ ပျမ်းမျှအားဖြင့် အသက်ရှင်နိုင်ချိန် ၁၃.၂ လ ရှိခဲ့ပြီး
🔹 ပုံမှန် ကင်ဆာဆေးသွင်း ကုသမှုခံယူတဲ့ လူနာအုပ်စုမှာ ပျမ်းမျှအားဖြင့် အသက်ရှင်နိုင်ချိန်က ၆.၇ လ ဖြစ်ခဲ့ပါတယ်။
🧬 ပန်ကရိယကင်ဆာမှာ ဘာကြောင့် ဒီဆေးက စိတ်ဝင်စားစရာကောင်းတာလဲ?
ပန်ကရိယကင်ဆာဆဲလ်တွေ ကြီးထွားလာရာမှာ KRAS လို့ခေါ်တဲ့ protein pathway က အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ ဒါကြောင့် အရင်ကတည်းက ပညာရှင်တွေဟာ KRAS ကို ဘယ်လိုထိရောက်စွာ ပစ်မှတ်ထားပြီး ကင်ဆာဆဲလ်ကြီးထွားမှုကို တားဆီးနိုင်မလဲ ဆိုတာကို နှစ်ပေါင်းများစွာ လေ့လာခဲ့ကြပါတယ်။ Daraxonrasib က အဲဒီလမ်းကြောင်းကို ပစ်မှတ်ထားတဲ့ ဆေးသစ်တစ်မျိုး ဖြစ်တာကြောင့် အရေးပါတဲ့ ဆေးပညာ တိုးတက်မှုတစ်ခု ဖြစ်လာပါတယ်။ 🔬
🚨 ကင်ဆာဟာ ပန်ကရိယမှာတင် မဟုတ်တော့ဘဲ ခန္ဓာကိုယ်ရဲ့ အခြားနေရာတွေကိုပါ ပျံ့နှံ့သွားတဲ့ လူနာတွေမှာ ဒီဆေးကို အသုံးပြုနိုင်ကြောင်း အမေရိကန် FDA က အတည်ပြုထားပါတယ်။
💜 ဆေးအသစ်တွေက ကုသမှုခံယူနေသူတွေအတွက် မျှော်လင့်ချက်တစ်ခုဆိုတာ မှန်ပေမယ့် ရောဂါမဖြစ်ခင်ကတည်းက ကျန်းမာတဲ့နေထိုင်မှုပုံစံနဲ့ ကိုယ့်ကျန်းမာရေးကို ကာကွယ်ဖို့ကလည်း အရေးကြီးပါတယ်။ ကျန်းမာရေးအသိပညာကို သိရှိထားခြင်းက ကျန်းမာရေးကို စောင့်ရှောက်ခြင်းရဲ့ ပထမဆုံးခြေလှမ်းတစ်ခုပါ။ 🩺💜 ပန်ကရိယကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချနိုင်ဖို့
🚭 ဆေးလိပ်မသောက်ပါနဲ့။
⚖️ အဝမလွန်အောင် ထိန်းပါ။
🥗 ကျန်းမာစေသော အစားအသောက်နဲ့ နေထိုင်မှုပုံစံကို ရွေးချယ်ပါ။
🩺 ဆီးချိုရောဂါရှိရင် ပုံမှန်စောင့်ကြည့်ကုသပါ။
🧬 မိသားစုထဲမှာ ပန်ကရိယကင်ဆာဖြစ်ဖူးသူများရှိရင် သတိထားနေထိုင်ပါ။
နောက်ပိုင်းမှာလည်း ဆေးဝါးနယ်ပယ်မှာ ဆေးသစ်တွေ ပေါ်ပေါက်လာတဲ့အခါ ကျွန်မတို့ ဇီဝကဆေးဆိုင်မှ ဒီဆေးက ဘာအတွက်လဲ၊ ဘယ်လိုလူနာတွေအတွက်လဲ၊ လေ့လာမှုရလဒ်က ဘယ်လိုလဲဆိုတာကို အားလုံးသိရှိနိုင်အောင် မျှဝေပေးသွားမှာ ဖြစ်လို့ Follow လုပ်သွားဖို့လည်း မမေ့ပါနဲ့ဦးနော်။ မိဘပြည်သူအားလုံး ရောဂါဝေဒနာအပေါင်းမှ ကင်းဝေးကြပါစေ။