ညဘတ်အိပ်မပျော်တဲ့ရောဂါကိုဘယ်လိုကုစားကြမလဲ
💁♀️လူတိုင်းလိုလို ကြုံတွေ့နေရတဲ့ ညဘက် အိပ်မပျော်ခြင်းက သင့်ရဲ့ တစ်နေ့တာ လုပ်ဆောင်နိုင်စွမ်းနဲ့ ကျန်းမာရေးကို ကြီးကြီးမားမား ထိခိုက်စေနိုင်ပါတယ်။
တကယ်တော့ အိပ်ပျော်ဖို့ဆိုတာ နည်းလမ်းကောင်းလေးတွေ သိထားရင် မခက်ခဲပါဘူး။
သဘာဝအတိုင်း အိပ်ချိန်တိုးတက်အောင် လုပ်ဆောင်ရန် နည်းလမ်းလေးတွေကို ဇီဝကမှ ချစ်ခြင်းများစွာဖြင့် မျှဝေပေးလိုက်ပါတယ်…
🟪နေ့စဉ် အိပ်ရာဝင်ချိန်၊ အိပ်ရာထချိန်ကို အချိန်မှန်မှန် သတ်မှတ်ထားပါ။
🟪အိပ်ခါနီး အနည်းဆုံး မိနစ် ၃၀ (သို့မဟုတ်) ၁ နာရီအလိုကတည်းက ဖုန်းကို လက်ကချထားပါ။
🟪အိပ်ခန်းကို မှောင်နေအောင်နဲ့ အေးမြနေအောင် အခန်းကိုထားရှိပါ။
🟪အိပ်ခါနီး အစာအများကြီး စားတာမျိုး၊ အရမ်းစပ်သော အစားအစာများကို စားတာမျိုးအား ရှောင်ကြဉ်ပါ။
🟪ညနေပိုင်းတွေမှာ ကဖင်းဓာတ်ပါတဲ့ လက်ဖက်ရည်၊ ကော်ဖီတို့ကို ရှောင်ကြဉ်ပါ။
🟪အိပ်ခါနီး ရေနွေးနွေးလေးနဲ့ ရေချိုးတာ ဒါမှမဟုတ် စာဖတ်တာမျိုး လုပ်ပေးပါ။
🟪နောက်နေ့လုပ်စရာတွေအတွက် တွေးပူနေရင်လည်း အိပ်မပျော်နိုင်လို့ ဦးနှောက်ထဲက ဝန်ထုပ်ဝန်ပိုးတွေကို စာအုပ်ထဲမှာ ချရေးလိုက်ပါ။
အရည်အသွေးရှိတဲ့ အိပ်စက်ခြင်းက သင့်ကျန်းမာရေးအတွက် အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုပါပဲ။ ❤️
🤗သင်ရော ညဘက်အိပ်ခါနီး ဖုန်းကို ဘယ်အချိန်မှာ နောက်ဆုံး လက်ကချလေ့ရှိသလဲ? ဆိုတာ comment မှာပြောပေးသွားဦးနော်။
နေထိုင်မှုပုံစံ ပြောင်းလဲပေမယ့် အိပ်မပျော်တဲ့ ဝေဒနာက ဆိုးရွားနေသေးတယ်ဆိုရင်တော့ Jivaka Pharmacy မှာ ဆေးဝါးပညာရှင်တွေနဲ့ တိုင်ပင်ပြီး သင့်တော်တဲ့ အားဆေး (သို့မဟုတ်) ကုသမှုတွေအတွက် လမ်းညွှန်မှု ရယူနိုင်ပါတယ်။