ကိုယ်ဝန်ဆောင် အားဆေး တွေအားလုံးမှာ ဗိုက်တာမင် ဘီအုပ်စု ပါဝင်နေရတဲ့ အကြောင်းအရင်း

maternity care

ဗိုက်တာမင် B1
ဗိုက်တာမင် B1 က ကိုယ်ဝန်ဆောင် ချိန်မှာသန္ဓေသားဆီကို အောက်စီဂျင်နဲ့ အာဟာရဓာတ်တွေ ပို့ဆောင်ပေးပြီး သန္ဓေသားရဲ့ သွေးထဲက အညစ်အကြေးများကို စွန့်ထုတ်ပေးတဲ့
အချင်းရဲ့ လုပ်ဆောင်ချက်ကို ကောင်းမွန်စေပြီး သန္ဓေသားရဲ့ ဦးနှောက်ဖွံ့ဖြိုးဖို့အတွက်လည်း လိုအပ်ပါတယ်။

ဗိုက်တာမင် B2
ဗိုက်တာမင် B2 ကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ပင်ပန်းနွမ်းနယ်မှုများကို လျော့နည်းစေပြီး အားအင်ပြည့်ဝမှုကို ခံစားရစေပါတယ်။ သားအိမ်ကြွက်သားများကို အားကောင်းစေပြီး ကလေး၏ အရိုးနှင့် အာရုံကြော စနစ်ကို ကောင်းစွာဖွံ့ဖြိုးအောင် ကူညီပေးပါတယ်။ လမစေ့ပဲမွေးခြင်းနှင့် အမြင်အကြားအာရုံ ချို့ယွင်းတဲ့ကလေးများ မွေးခြင်းမှလည်း ကာကွယ်ပေးပါတယ်။ ကိုယ်ဝန်ဆောင် ချိန် ကြွက်မတက်အောင် ကာကွယ်ပေးပြီး သံဓာတ်စုပ်ယူမှုကို အားကောင်းစေလို့ ကိုယ်ဝန်ဆောင် ချိန် သွေးအားနည်းရောဂါ မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။

ဗိုက်တာမင် B3
ဗိုက်တာမင် B3 ကတော့ ကိုယ်ဝန်ဆောင်ချိန် ပျို့အန်ခြင်းကို သက်သာစေပြီး အစာချေစနစ်ကိုလည်း ကောင်းမွန်စေပါတယ်။ သန္ဓေခိုင်စေပြီး သန္ဓေသား၏ ဦးနှောက်နှင့် အာရုံကြော များကို ကျန်းမာစွာ ဖွံ့ဖြိုးစေပါတယ်။

ဗိုက်တာမင် B6
ဗိုက်တာမင် B6 ကတော့ ကိုယ်ဝန်ဆောင်ချိန် ပျို့အန်ခြင်းကို သက်သာစေပြီး ကလေး၏ ဦးနှောက်နှင့် ကိုယ်ခံအားစနစ်အတွက် အရေးပါပါတယ်။

ဗိုက်တာမင် B9 ( folic acid )
Folic acid ကတော့ ကျောရိုးဟပြီး အာရုံကြောမကြီး အပြင်ထွက်နေသည့် ရောဂါနှင့်
ကလေးများ မမွေးအောင်၊ နှုတ်ခမ်းကွဲ အာခေါင်ကွဲ ကလေးများ မမွေးအောင် ကာကွယ်ဖို့အတွက် အလွန်အရေးပါပါသည်။

ဗိုက်တာမင် B12
ဗိုက်တာမင် B12 ကတော့ ကိုယ်ဝန်ဆောင်ချိန်တွင် အစာမကြေခြင်း၊ဝမ်းချုပ်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းနှင့် သွေးအားနည်းခြင်းများ မဖြစ်အောင် ကာကွယ်ပေးပါသည်။ ကိုယ်ခံအားကိုလည်း ကောင်းစေပါသည်။ သန္ဓေသား၏ ဦးနှောက်နှင့် အာရုံကြော ဖွံ့ဖြိုးဖို့အတွက်လည်း အရေးပါပါသည်။

အခုဆိုရင်တော့ ကိုယ်ဝန်ဆောင်ချိန်တွင် ဗိုက်တာမင် ဘီအုပ်စု၏ အရေးပါပုံများကို သိရှိကြပြီဖြစ်လို့ အကျိုးရှိကြမယ်လို့ ယုံကြည်ပါတယ်။

လိုအပ်သည့် ကိုယ်ဝန်ဆောင် အားဆေး များရှိပါက ကိုယ်တိုင်ရွေးချယ်ဝယ်ယူနိုင်ဖို့ www.jivakapharmacy.com မှာလည်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

အိမ်အရောက် ဆေးဝါးများ မှာယူလိုပါက Messenger သို့မဟုတ် ၀၉၉၇၇၄၉၈၁၅၇ မှတစ်ဆင့် မှာယူနိုင်သလိုနီးစပ်ရာ Jivaka Pharmacy များမှာလည်း လာရောက်ဝယ်ယူအားပေးနိုင်ပါသည်။

ဆိုင်လိပ်စာများကတော့
ဆိုင်(၁) လမ်း(၃၀)၊(၇၆)လမ်းနှင့်(၇၇)လမ်းကြား၊မန္တလေးမြို့။
ဆိုင်(၂) လမ်း(၃၀)၊(၇၄)လမ်းထောင့်၊မန္တလေးမြို့။
ဆိုင်(၃) မနော်ဟရီလမ်း (၁၁၀လမ်း)၊(၆၂)လမ်းနှင့်(၆၄)လမ်းကြား၊မန္တလေးမြို့။
ဆိုင်(၄) ၃၈လမ်း၊(၈၁)လမ်းနှင့်(၈၂)လမ်းကြား၊မန္တလေးမြို့တို့ဖြစ်ပါသည်။

ဇီဝက အထူးကု ဆေးခန်းနှင့် အဆင့်မြင့် ရောဂါရှာဖွေရေးစင်တာတွင်လည်း ကိုယ်ဝန်ဆောင် မိခင်များ Ultrasound လာရိုက်နိုင်သလို သားဖွားနှင့် မီးယပ်အထူးကု ဆရာဝန်ကြီးများ ဖြစ်သည့် ဒေါက်တာ ဝင်းမင်းသန်း၊ ဒေါက်တာ တင်နှောင်းဖြူ တို့နှင့်လည်း လာရောက်ပြသနိုင်ပါသည်။

ဇီဝက အထူးကု ဆေးခန်းနှင့် အဆင့်မြင့် ရောဂါရှာဖွေရေးစင်တာ၏ လိပ်စာကတော့ မနော်ဟရီလမ်း ( ၁၁၀ လမ်း )၊ ၆၂လမ်းနှင့် ၆၄လမ်းကြား၊ မန္တလေးမြို့ ဖြစ်ပါသည်။

ဆေးခန်းဖွင့်ချိန်ကတော့ မနက်၇နာရီမှ ည၇နာရီအထိ ဖြစ်ပါသည်။

ကြိုတင်စာရင်းပေးသွင်းရန် ဖုန်း-၀၉၈၉၂၃၉၆၆၈၈၊ ၀၉၈၉၂၃၉၇၇၈၈ တို့ကို့ ဆက်သွယ်နိုင်ပါသည်။

Leave a Comment