အစာပြွန် အနာ ဖြစ်ခြင်း၊ ရင်ပူခြင်း နှင့် အစာမကြေခြင်း များ မဖြစ်စေဖို့ရာ

Digestion

တစ်ချို့ဆေးများသည် အစာရေမျိုပြွန် အနာ ဖြစ်ခြင်းနှင့် ရင်ပူခြင်း များကို ဖြစ်စေတတ်သောကြောင့် ကြိုတင်ကာကွယ်နိုင်ဖို့ရာ ဖော်ပြပေးလိုက်ပါသည်။ အများစုမှာ ပိုးသတ်ဆေး များနှင့် အရိုးပွ ရောဂါအတွက် သုံးသော ဆေးများ ဖြစ်ပါသည်။

Doxycycline
ဝက်ခြံဖြစ်လျှင် အသုံးများသည့် ပိုးသတ်ဆေး တစ်မျိုးဖြစ်သော Doxycycline သည် အစာပြွန် တစ်လျှောက်မှာ အနာတွေ ဖြစ်စေတတ်သလို သောက်ပြီး နာရီပိုင်းအတွင်းမှာ ရင်ပူခြင်း နှင့် ဗိုက်အောင့်၊ဗိုက်နာခြင်းများကိုလည်း ဖြစ်စေနိုင်ပါသည်။ Doxycycline hyclate က Doxycycline monohydrate ထက်ပိုပြီး ဘေးထွက်ဆိုးကျိုး ပိုများပါသည်။

Tetracycline
Tetracycline သည် Doxycycline နှင့် အုပ်စုတူသော ပိုးသတ်ဆေး ဖြစ်ပြီး အက်စစ်ဓာတ်များသည့်အတွက် အစာပြွန် မှာ အနာတွေ ဖြစ်စေတတ်ပါသည်။

Clindamycin
Clindamycin သည်လည်း ပိုးသတ်ဆေး တစ်မျိုးဖြစ်ပြီး ဆေးစသောက်သည့် ရက်တွင် ရင်ပူခြင်း နှင့် အစာမျိုချသည့်အခါ နာကျင်ခြင်းများကို ခံစားရနိုင်ပြီး အစာပြွန် တွင် အနာ များကို ဖြစ်စေနိုင်ပါသည်။

Aspirin
နှလုံးရောဂါနှင့် လေဖြတ်ခြင်းကို ကာကွယ်ကုသဖို့အတွက်
Aspirin ကို နေ့စဉ်သောက်သုံးကြရပါသည်။ Aspirin သည် အစာပြွန်ကို အနာ ဖြစ်ခြင်းမှ ကာကွယ်ပေးသော prostaglandins များကို ပျက်စီးစေပါသည်။ ရင်ပူခြင်း နှင့် အစာမကြေခြင်း သည် ဖြစ်နိုင်ချေများသော ဘေးထွက်ဆိုးကျိုးများ ဖြစ်ပါသည်။ သောက်ရသည့် Aspirin ပမာဏ နည်းလျှင် ဘေးထွက်ဆိုးကျိုးများ ခံစားရနိုင်ချေလည်း နည်းပါသည်။ Aspirin နှင့်အတူ ibuprofen ကဲ့သို့ NSAIDs အကိုက်အခဲပျောက်ဆေးများ တွဲသောက်ရသည်ဆိုလျှင် သွေးထွက်နိုင်ချေများသောကြောင့် သတိထားရပါမည်။

Ibuprofen & other NSAIDs
Ibuprofen, Naproxen အပါအဝင် NSAIDs အုပ်စု အကိုက်အခဲပျောက်ဆေးများသည်လည်း prostaglandins များကို ဖျက်ဆီးသောကြောင့် အစာပြွန် အနာ ဖြစ်ခြင်းနှင့် သွေးယိုခြင်းများကို ဖြစ်စေနိုင်ပါသည်။ အစာမကြေခြင်း နှင့် ရင်ပူခြင်း များကိုလည်း
ခံစားရနိုင်ပါသည်။ ထိုဘေးထွက်ဆိုးကျိုးများ မရအောင် NSAIDs များသောက်ရလျှင် PPI များဖြစ်သည့် omeprazole, pantoprazole, esomeprazole စသည့် အစာအိမ်ဆေးများကိုပါ တွဲသောက်ပေးခြင်း သို့မဟုတ် NSAIDs ဆေးများအစား အစာရေမျိုပြွန် နှင့် အစာအိမ်ကို အန္တရယ်မဖြစ်စေသော Celecoxib ကဲ့သို့ COX- 2 inhibitors များကို ပြောင်းသုံးသင့်ပါသည်။

Alendronate
Alendronate သည် အရိုးပွ ရောဂါကို ကုသပေးသော တစ်ပါတ်တစ်လုံးသောက်ရသည့် ဆေးဖြစ်ပါသည်။ တစ်ခြားဆေးများထက် အစာရေမျိုပြွန် ကို ပိုကျဉ်းစေပြီး ပျက်စီးမှုများကို ပိုဖြစ်စေပါသည်။ ထို့ကြောင့် ရင်ဘတ်အောင့်ခြင်း၊ အလွန်အမင်း ရင်ပူခြင်း နှင့် ဆေးသောက်သည့်အခါ မျိုချရခက်ခြင်း၊ နာခြင်းများ ခံစားရပါက ဆရာဝန်ကို ချက်ချင်း အကြောင်းကြားရပါမည်။

Ibandronate
Ibandronate သည် အရိုးပွ ရောဂါအတွက် အသုံးပြုသော တစ်လတစ်လုံး သောက်ရသည့်ဆေး ဖြစ်ပါသည်။ အစာရေမျိုပြွန် တွင် အနာ များကို ဖြစ်စေတတ်ပါသည်။

Risedronate
Risedronate သည်လည်း အရိုးပွ ရောဂါတွင် သုံးသောဆေး ဖြစ်ပါသည်။ Alendronate နှင့်ယှဉ်လျှင် အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ဘေးထွက်ဆိုးကျိုးများ အဖြစ်နည်းပါသည်။

Potassium chloride
အလွန်အမင်း ဝမ်းလျှောခြင်း၊ ပျို့အန်ခြင်းနှင့် ဆီးဆေးများ သောက်နေရသူများတွင် သွေးတွင်း Potassium ဓာတ် နည်းတတ်ပါသဖြင့် Potassium chloride ကို သုံးပါသည်။ Potassium chloride သည်လည်း ရင်ပူခြင်း ၊ အစာမျိုချသည့်အခါနာခြင်း စသည့် ဘေးထွက်ဆိုးကျိုးများ ဖြစ်စေပါသည်။

Iron supplements
Ferrous sulfate ကို သွေးအားတိုးဆေး အများစုတွင် တွေ့ရလေ့ရှိပြီး Tetracycline ကဲ့သို့လည်း အစာရေမျိုပြွန် တွင် အနာ များဖြစ်စေပါသည်။ ရင်ပူခြင်း နှင့် အစာအိမ်နာခြင်းကိုလည်း ဖြစ်စေနိုင်ပါသည်။ Ferrous fumarate သည် ferrous sulfate နှင့်ယှဉ်လျှင် ဘေးထွက်ဆိုးကျိုး အဖြစ်နည်းပါသည်။

အထက်ဖော်ပြပါဆေးများ သောက်ရသည်ဆိုပါက
👉ဆေးသောက်ပြီး အနည်းဆုံး နာရီဝက် ကနေ တစ်နာရီအထိ မတ်တပ်ရပ်နေသင့်ပါသည် သို့မဟုတ် မတ်မတ်ထိုင်နေသင့်ပါသည်။

👉 ဆေးသောက်သည့်အခါ အစာရေမျိုပြွန် မှာ မကပ်ကျန်နေအောင် ရေတစ်ခွက်အပြည့် (240 ml ) ဖြင့် သောက်ပေးရမည်။

👉 တစ်ချို့ဆေးများတွင် အစာခြေလမ်းကြောင်းဆိုင်ရာ ဘေးထွက်ဆိုးကျိုးနည်းစေသော အမျိုးအစားကွဲများ ရှိသောကြောင့် ထိုအမျိုးအစားများကို ရွေးချယ်အသုံးပြုသင့်ပါသည်။

👉 အနည်းငယ် ဗိုက်အောင့်ခြင်းနှင့် ရင်ပူခြင်း ကို သက်သာစေရန်အတွက် ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နှင့် တိုင်ပင်ပြီး antacids များ သောက်သုံးနိုင်ပါသည်။

💜 ခန္တာကိုယ်၏ အစာချေဖျက်ပေးသည့် လုပ်ငန်းစဉ်သည် စားလိုက်သော အစားအစာများကို အာဟာရဓာတ်များအဖြစ် ပြောင်းလဲပေးပါသည်။

👉 အစာမကြေခြင်း ကို ဖြစ်စေသည့် အဓိကအကြောင်းအရင်းများကတော့…

• တစ်ခါတည်းနှင့် အစားအစာများကို များများစားမိခြင်း၊ မြန်မြန်စားမိခြင်း။

• အဆီများသောအစားအစာများ၊ အလွန်စပ်သောအစားအစာများကို စားခြင်း။

• အရက်နှင့် Caffeine ဓာတ်များသော သောက်စရာများကို အလွန်အကျွံသောက်သုံးခြင်း။

• အသက်ကြီးသူများတွင် ပရိုတင်းဓာတ်ကို ချေဖျက်ပေးသော Hydrochloric Acid ကို အစာအိမ်နံရံမှ ထုတ်နှုန်းကျဆင်းလာခြင်း တို့ဖြစ်ပါသည်။ အစာမကြေသည့်အခါ အစာစားပြီးနောက်ဗိုက်ကယ်ခြင်း၊ ဗိုက်အောင့်ခြင်း၊ မအီမလည်ဖြစ်ခြင်း၊ ပျို့ချင်အန်ချင်စိတ်ဖြစ်ခြင်း၊ လေချဉ်တက်ခြင်းနှင့် လေပွခြင်း တို့ကို ခံစားရပါသည်။

👉 အစာမကြေခြင်း ကို ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းများကတော့…

• အမျှင်ဓာတ်များသော အစားအစာများကို များများစားပေးခြင်း။ အမျှင်ဓာတ်များသော အစားအစာများကတော့ အသီးအမျိုးမျိုး(ပန်းသီး၊ သစ်တော်သီး၊ ငှက်ပျောသီး၊ လိမ္မော်သီး၊စတော်ဘယ်ရီသီး၊ ခရမ်းချဉ်သီး၊နာနတ်သီး)၊ ပဲအမျိုးမျိုး၊ ပန်းပွင့်စိမ်း၊ဂေါ်ဖီထုပ်၊ ပြောင်းဖူး၊ အာလူးနှင့် ခါချက်ဥတို့ဖြစ်ပါသည်။ ပန်းပွင့်စိမ်းနှင့် ဂေါ်ဖီထုပ်တို့ကို ခဏခဏစားပေးခြင်းကလည်းအူမကြီးကင်ဆာဖြစ်နိုင်ချေကို လျော့ချပေးပါသည်။အမျှင်ဓာတ်များများစားတယ်ဆိုလျှင် ရေများများလိုက်သောက်ပေးဖို့ကလည်း သတိထားရမည့်အချက်ဖြစ်ပါသည်။

• Digestive enzymes များပါသော အစာကြေဆေးများကလည်း အစာချေဖျက်ခြင်းကို ထောက်ပံ့ပေးပါသည်။

• လေကျင့်ခန်းများများလုပ်ခြင်းကလည်း အစာချေစနစ်ကို ကောင်းမွန်စေပါသည်။

• အူလမ်းကြောင်းကိုအကျိုးပြုသော Probiotic ပါဝင်သည့် ဖြည့်စွက်စာများကို သောက်သုံးပေးခြင်းဖြင့်လည်း အစာမကြေခြင်း နှင့် ဝမ်းချုပ်ခြင်းကိုသက်သာစေပြီး၊ ဝမ်းပျက်ဝမ်းလျှောခြင်းကို ကာကွယ်ကုသပေးသည့် အကျိုးကျေးဇူးများကို ရရှိမှာ ဖြစ်ပါသည်။

👉 အစာအိမ်နှင့် အူလမ်းကြောင်းကျန်းမာရေးအတွက် မှီဝဲစားသုံးသင့်သည့် အစားအစာများကတော့

• ကြက်သွန်ဖြူက လေထိုးလေအောင့်ခြင်းကို သက်သာစေပြီး အစာကြေစေပါသည်။

• ကြက်သွန်နီက အစာအိမ်နှင့်အူလမ်းကြောင်းကို သန့်စင်စေပါသည်။

• ဇီးသီး၊ ဂျင်း၊ ငရုတ်၊ နွယ်ချို၊ သံလွင်ဆီနှင့်၊ ပျားရည်တို့က ဝမ်းချုပ်ခြင်းကိုသက်သာစေပါသည်။

• ဂျင်းအမြစ်ခတ်ထားတဲ့ လက်ဖက်ရည်ကြမ်းလေးကလည်း ပျို့အန်ခြင်းကို သက်သာစေပါသည်။

အခုဆိုရင် ဇီဝကအထူးကုဆေးခန်းလည်း အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာ အထူးကုဆရာဝန်ကြီးများနှင့်လည်း ပြလို့ရနေပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်ရှင်။

ဆေးခန်းလိပ်စာကတော့ – မနော်ဟရီလမ်း (၁၁၀လမ်း)၊(၆၂)လမ်းနှင့်(၆၄)လမ်းကြား၊မန္တလေးမြို့မှာပဲဖြစ်ပါတယ်ရှင်။ဖုန်း – 09892396688, 09892397788 တို့ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။

💊အိမ်အရောက် ဆေးဝါးများ မှာယူလိုပါက Messenger သို့မဟုတ် ၀၉၉၇၇၄၉၈၁၅၇ မှတစ်ဆင့် မှာယူနိုင်သလိုနီးစပ်ရာ Jivaka Pharmacy များမှာလည်း လာရောက်ဝယ်ယူအားပေးနိုင်ပါသည်။ 💊
👉ဆိုင်လိပ်စာများကတော့👈
💜 ဆိုင်(၁) လမ်း(၃၀)၊(၇၆)လမ်းနှင့်(၇၇)လမ်းကြား၊မန္တလေးမြို့။
💜 ဆိုင်(၂) လမ်း(၃၀)၊(၇၄)လမ်းထောင့်၊မန္တလေးမြို့။
💜 ဆိုင်(၃) မနော်ဟရီလမ်း (၁၁၀လမ်း)၊(၆၂)လမ်းနှင့်(၆၄)လမ်းကြား၊မန္တလေးမြို့။
💜 ဆိုင်(၄) ၃၈လမ်း၊(၈၁)လမ်းနှင့်(၈၂)လမ်းကြား၊မန္တလေးမြို့တို့ဖြစ်ပါသည်။

Leave a Comment