Epstein-Barr Virus👧👦


Epstein-Barr Virus
👧👦 ဇီဝကရဲ့ channels တွေကနေ မွေးကင်းစမှ အသက် ၉ နှစ်ကြား သားသားမီးမီးတွေမှာ လက္ခဏာမပြဘဲ ပုန်းလျှိုးကွယ်လျှိုးရှိနေတတ်တဲ့ ရောဂါပိုးမွှားတွေအကြောင်းကို မျှဝေနေတာကို သတိထားမိပါသလားရှင့်။
ဒီနေ့မှာဆိုရင်လည်း ထိုရောဂါတွေထဲက အဖြစ်အများဆုံး (၃) မျိုးထဲမှာပါတဲ့ Epstein-Barr Virus (EBV) အကြောင်းကို မိဘများ သိရှိဖို့ရာ ဇီဝကမှ မျှဝေပါဦးမယ်ရှင်
📌 EBV ဆိုတာဘာလဲ?
Herpesvirus အမျိုးအစားဖြစ်ပြီး တံတွေးနဲ့ တခြားသော ခန္ဓာကိုယ်အရည်များမှတဆင့် ကူးစက်နိုင်ပါတယ်။
ကလေးအများစုဆီကို ရောဂါလက္ခဏာမပြဘဲ တိတ်တဆိတ် ဝင်လာတတ်ပြီး ခန္ဓာကိုယ်ထဲမှာ တစ်သက်လုံး ခိုကပ်နေမှာ ဖြစ်ပါတယ်။
📌 ဘယ်လိုမျိုး ကူးစက်ပါသလဲ?
👄 အိုးခွက်ပန်းကန်များ အတူသုံးစွဲခြင်း
👶 ကလေး ပါးစပ်နဲ့ ကိုက်ထားသော ပစ္စည်းများကို ကိုင်တွယ်မိခြင်း
💋 နမ်းရှုံ့ခြင်းလို တံတွေးနဲ့ တခြားသော ခန္ဓာကိုယ်အရည်များကို ထိတွေ့မိခြင်းမှ တစ်ဦးနှင့် တစ်ဦး ကူးစက်ပါတယ်။
ဗိုင်းရပ်စ်ပိုး စတင်ဝင်ရောက်ချိန်မှာ ဘာလက္ခဏာမှ မပြဘဲ ကိုယ်ခံအားနည်းတဲ့အချိန်တိုင်း ပိုးက 🔁 ပြန်လည် အသက်ဝင်လာကာ

  • လည်ချောင်းနာခြင်း
  • ပင်ပန်းနွမ်းနယ်ခြင်း
  • ဖျားခြင်း
  • Lymph nodes များရောင်ခြင်း
  • အဖုအပိမ့်များထွက်ခြင်း
  • သရက်ရွက်နှင့် အသည်းကြီးခြင်းတို့ ဖြစ်တတ်ပါတယ်။
    📌 မိဘများအနေနဲ့ ဘယ်လိုကြိုတင်ကာကွယ်ကြမလဲ
    ✔️ ဘယ်သူ့ဆီမှာ ပိုးရှိတယ်ဆိုတာ မမြင်နိုင်တော့ ဖြစ်နိုင်ရင် ကလေးအတွက် ဇွန်းခရင်း၊ ပန်းကန်သီးသန့်ထားပါ။
    ✔️ လူပေါင်းစုံက ကလေးကို နမ်းတာမျိုး မလုပ်ပါစေနဲ့။
    ✔️ လက်ကို မကြာခဏဆေးပေးပါ။
    ✔️ ခန္ဓာကိုယ်ကထွက်တဲ့ အရည်တစ်ခုခုကို ထိတွေ့ကိုင်တွယ်မိလိုက်တယ်ဆိုရင် ချက်ချင်းဆပ်ပြာဖြင့်ဆေးကြောပါ။
    💡 EBV လိုမျိုး ရောဂါလက္ခဏာမပြဘဲ တိတ်တဆိတ်ရှိနေတတ်တဲ့ ပိုးမွှားတွေကို မိဘများအနေနဲ့ ကျန်းမာရေး ဗဟုသုတ ရှိထားခြင်းအားဖြင့် ကလေးရဲ့ ဘဝတစ်လျှောက်မှာ ဖျားနာခြင်းကင်းဝေးအောင် အတတ်နိုင်ဆုံး ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။
    နောက်များမှာလည်း ဇီဝကကနေ ပုန်းလျှိုးကွယ်လျှိုး ဖြစ်တတ်တဲ့ ရောဂါတွေကို မျှဝေသွားဦးမှာ ဖြစ်လို့ ဆက်လက်စောင့်မျှော်အားပေးပါဦးရှင်

Leave a Comment