ကံစမ်းမဲအစီအစဉ်အား ရက်ရွှေ့ဆိုင်းကြောင်း

ဇီဝကချစ်သူမိဘပြည်သူများသို့ ကံစမ်းမဲအစီအစဉ်အား ရက်ရွှေ့ဆိုင်းကြောင်း သတင်းစကားပါးလိုက်ပါရစေရှင့် ☺️☺️ ဇီဝကဆေးဆိုင်၏ ဆိုင်ကယ်ကံစမ်းမဲကံထူးရှင်ရွေးချယ်ပွဲကို ၄.၄.၂၀၂၀ တွင် ပြုလုပ်ရန် မူလစီစဉ်ထားပါသော်လဲ ယခုချိန်ခါတွင်ဖြစ်ပွါးနေသော COVID 19 ကူးစက်ရောဂါကြောင့် လူအများစုဝေးခြင်းကို တားမြစ်ထားပါသဖြင့် ကံစမ်းမဲအစီအစဉ်ဖွင့်လှစ်မည့်ရက်အား ရွှေ့ဆိုင်းမည်ဖြစ်ပါကြောင်းလေးစားစွာဖြင့် အသိပေးအပ်ပါတယ်ရှင့် 🤗🤗 အခြေအနေများတည်ငြိမ်သွားပါက ကံထူးရှင်ရွေးချယ်ပွဲအား အမြန်ဆုံးပြုလုပ်နိုင်ရန် စီစဉ်သွားမည့်အပြင် ကံစမ်းမဲဖွင့်မည့်ရက်ကိုလဲ ထပ်မံကြေညာပေးသွားပါ့မယ်နော် 📢📢 ဒါ့အပြင် Jivaka Pharmacy ဆိုင်အမှတ် ၁ မှ လူကြီးမင်းတို့လိုအပ်ရာဆေးဝါးများကို ၂၄နာရီဖွင့်လှစ်ရောင်းချပေးနေတယ့် အပြင် အခြားဆိုင် ၃ ဆိုင်လုံးအား မနက် ၇:၀၀နာရီ မှ ည ၁၀:၀၀နာရီ အထိပြောင်းလဲဖွင့်လှစ်ထားကြောင်းသတင်းကောင်းပါးလိုက်ပါရစေနော် 👐👐 ဝယ်ယူအားပေးမှုများကို အထူးကျေးဇူးတင်ရှိပါသည်ရှင့်ဇီဝကဆေးဆိုင်မိသားစု#JivakaPharmacy

Read More

နှစ်သစ် ဆုမွန်ကောင်း

နှစ်ဟောင်းကုန်လို့ နှစ်သစ်ကို ကူးပြောင်းပြီနော် ☺️☺️ ဒီလို မင်္ဂလာရှိလှတဲ့ အချိန်ခါ သမယမှာ ခါတိုင်းနှစ်တွေနဲ့အတူ ဘေးမဲ့လွှတ်ပွဲတွေ၊ ခေါင်းဆေးမင်္ဂလာတွေ၊ မီးခိုးတိတ် အလှူပွဲတွေ မလုပ်ဖြစ်လိုက်ရတာကတော့ စိတ်မကောင်းစရာပါပဲ 😔😔 ကျန်းမာရေးက လာဘ်ကြီး တပါးမို့ COVID-19 ရောဂါကူးစက်ပြန့်ပွားမှုမရှိရလေအောင် အိမ်မှာနေပြီး ကုသိုလ် ဘာဝနာပွားများကြပါလို့ တိုက်တွန်းရင်း ကြုံတွေ့နေရတဲ့ ရောဂါဆိုးကြီးမှ အမြန်ဆုံးကင်းလွတ်ကာ တို့ပြည်သူ ပြည်သား အားလုံးကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာကြပါစေကြောင်း Jivaka Pharmacy မိသားစုမှ နှစ်သစ် ဆုမွန်ကောင်းတောင်းလိုက်ပါတယ်နော် 🙏🙏#JivakaPharmacy

Read More