တုပ်ကွေးရာသီမှာ အချိန်မီကာကွယ်ဖို့ ဘာတွေပြင်ဆင်ထားပြီးပြီလဲ

💁‍♀️ရာသီဥတု အကူးအပြောင်းမှာ တုပ်ကွေးဆိုတာ မဖိတ်ခေါ်ဘဲ ရောက်လာတတ်တာ ဓမ္မတာပါ။နေမကောင်းဖြစ်မှ ဆေးကုတာထက် မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်တာက အကောင်းဆုံးမို့ Jivaka Pharmacy ကနေ ဆောင်ရန်၊ ရှောင်ရန်လေးတွေကို မျှဝေပေးလိုက်ပါတယ်။တုပ်ကွေးရာသီကို အေးအေးဆေးဆေး ကျော်ဖြတ်နိုင်ဖို့ဆို ဒီအချက် (၄) ချက်ကို မမေ့ပါနဲ့နော် … 🧼 တစ်ကိုယ်ရည် သန့်ရှင်းရေးအပြင်ကပြန်လာတိုင်း လက်ကို စက္ကန့် ၂၀ ကြာအောင် စနစ်တကျ ဆေးကြောပါ။ လူထူထပ်တဲ့ နေရာတွေသွားရင် Mask တပ်ဖို့ မမေ့ပါနဲ့။ လက်မဆေးဘဲ မျက်နှာ၊ နှာခေါင်းနဲ့ ပါးစပ်တွေကို ကိုင်တွယ်တာကို ရှောင်ကြဉ်ပေးရပါမယ်။ 🏡 ပတ်ဝန်းကျင် သန့်ရှင်းရေးမိမိတို့ အမြဲကိုင်တွယ်နေတဲ့ ဖုန်း၊ တံခါးလက်ကိုင်နဲ့ ကွန်ပျူတာ Keyboard တွေကို ပိုးသတ်ဆေး Spray (သို့မဟုတ်)…

Read More

H. pylori ဆိုတာ ဘာလဲ

🥵 အစာအိမ်ရောဂါလို့ ပြောလိုက်ရင် လူတိုင်းလိုလို ခံစားဖူးကြပါတယ်။ ဒါပေမဲ့ အဲဒီအစာအိမ်နာရခြင်းရဲ့ တကယ့်တရားခံက H. pylori (Helicobacter pylori) ဆိုတဲ့ ဘက်တီးရီးယားပိုး ဖြစ်နေတတ်တာကိုတော့ သတိမထားမိကြတာများပါတယ်။ ‼️လူငယ်တွေနဲ့ မိဘတွေ သိထားသင့်တဲ့ H. pylori အကြောင်းကို ဇီဝကမှ စိတ်ဝင်စားစရာ အချက်အလက်တွေနဲ့ စုစည်းဖော်ပြလိုက်ပါတယ်ရှင့်။💜 H. pylori ဆိုတာ ဘာလဲ⁉️အစာအိမ်ရဲ့ အက်ဆစ်ဒဏ်ကို ကြံ့ကြံ့ခံနိုင်တဲ့ ဘက်တီးရီးယားလို့တောင် ပြောလို့ရပါတယ်။ သူက အစာအိမ်နံရံမှာ ကပ်တွယ်ပြီး အနာဖြစ်စေသလို၊ ရေရှည်မှာ ကုသမှုမခံယူရင် အစာအိမ်ကင်ဆာအထိ ဖြစ်စေနိုင်တဲ့ အန္တရာယ်ရှိသောပိုးတစ်မျိုး ဖြစ်ပါတယ်။ အသက် (၁၀) နှစ်ကနေ (၁၉) နှစ်ကြားမှာ ဘာလို့ H. pylori ပိုးက “ပုန်းလျှိုးကွယ်လျှိုး” ရှိနေတာလဲ⁉️ဆယ်ကျော်သက်အရွယ်မှာ…

Read More

🦠 ရာသီအလိုက် ဓာတ်မတည့်မှုများ

ကျွန်ုပ်တို့ရဲ့ ခန္ဓာကိုယ်ဟာ လေနှင့်အတူ ပါလာသော မိမိနှင့် မတည့်သည့် အရာအား ထိတွေ့မိရာမှ ဓာတ်မတည့် တုံ့ပြန်မှုကို ဖြစ်ပေါ်စေပါတယ်။ ဓာတ်မတည့်မှု အဖြစ်များစေသော အရာများမှာ 🌻 ပန်းဝတ်မှုန်နှင့် ဖုန်မှုန့်များဖြစ်ပြီး 🐈 ကြောင်၊ 🐕 ခွေးနှင့် အခြားတိရစ္ဆာန်များမှ ကျွတ်ထွက်လာသော အမွှေးအမျှင်လေးတွေကလည်း ဓာတ်မတည့်မှုကို ဖြစ်စေပါတယ်။ လူတစ်ဦးနှင့်တစ်ဦး ဓာတ်မတည့်မှုပေါ်မူတည်၍ ☀️ နွေဦး၊ နွေရာသီနှင့် ❄️ ဆောင်းဦးရာသီများတွင် ဓာတ်မတည့်မှုများ အဖြစ်များပါတယ်။ နွေဦးပေါက်ရာသီနှင့် ဆောင်းဦးရာသီတွင် 💐 ပန်းဝတ်မှုန်များကြောင့်၊ နွေရာသီတွင် 🌾 ကောက်ရိုးစပါးများကြောင့် ဓာတ်မတည့်မှုများ ပိုဖြစ်လေ့ရှိကာ အိမ်မွေးတိရိစ္ဆာန်များ၊ ဖုန်မှုန့်များနှင့် ပိုးဟပ်အမှုန်အမွှားများကြောင့်က တစ်နှစ်ပတ်လုံး ဖြစ်နိုင်ပါတယ်။ ဓာတ်မတည့်မှု လက္ခဏာများတွင်⭕️ နှာချေခြင်း၊ ချောင်းဆိုးခြင်း⭕️ နှာရည်ယိုခြင်းနှင့် နှာပိတ်ခြင်း⭕️…

Read More

✨သားဥအိမ် ကျန်းမာဖို့ဆို Inositol ကို မမေ့နဲ့နော်✨

✳️ သားအိမ်ရဲ့ ဘေးတစ်ဖက်တစ်ချက်စီမှာ သားဥအိမ် (၁) လုံးစီ ရှိပါတယ်။ သားဥအိမ်တွေက သားဥတွေကို သိုလှောင်ထားပေးပြီး တစ်လတစ်ခါ သားဥကြွေစေပါတယ်။ ရာသီစက်ဝန်းမှန်ဖို့နှင့် ကိုယ်ဝန် ဆောင်နိုင်ဖို့ လိုအပ်တဲ့ ဟော်မုန်းတွေကို ထုတ်ပေးပါတယ်။ ထိုသားဥအိမ်တွေက ဟော်မုန်းတွေကို ပုံမှန်ထက်ပိုပြီး ထုတ်တဲ့အခါ PCOS (သားဥအိမ် ရေအိတ်တည်ရောဂါ) ကို ဖြစ်စေပါတယ်။ ဟော်မုန်း မမျှတတော့တဲ့အတွက် ဝက်ခြံထွက်ခြင်း၊ မျက်နှာ အမွှေးအမျှင်ထူခြင်း၊ ဆံပင်ကျွတ်ခြင်း၊ အဝလွန်ခြင်း၊ ဓမ္မတာမမှန်ခြင်းနှင့် ကလေးမရနိုင်ခြင်းတို့ ဖြစ်လာပါတယ်။ ✳️ အင်ဆူလင်ဆိုတာ စားလိုက်တဲ့ အစားအစာတွေထဲက သကြားဓာတ်တွေကို စွမ်းအင်အဖြစ် ပြောင်းလဲပေးတဲ့ ဟော်မုန်းဖြစ်ပါတယ်။ PCOS ဖြစ်တဲ့အခါ ခန္ဓာကိုယ်က အင်ဆူလင်ကို ကောင်းကောင်း အသုံးမချနိုင်တော့ပါဘူး။ ထိုအခါ သွေးထဲမှာ သကြားဓာတ်တွေ များလာပြီး…

Read More

💜 အမျိုးသမီးတို့အတွက် အလွယ်ကူဆုံး စိတ်ဖိစီးမှု ပြေလျော့စေမယ့် အချက် (၅) ချက် 💜

😞 လူတိုင်း စိတ်ဖိစီးမှုကို တွေ့ကြုံခံစားရချိန်တွင် အမျိုးသမီးများသည် မိသားစုတာဝန်များ၊ အသက်မွေးဝမ်းကျောင်း ရည်မှန်းချက်များ၊ ငွေရေးကြေးရေး ရုန်းကန်ရမှုများ၊ ဟော်မုန်း အပြောင်းအလဲများနှင့် လူမှုရေးဆိုင်ရာ ဖိအားများကို အပြင်ပန်းမျက်နှာမှာ မပေါ်အောင် ဖုံးကွယ်ရင်း နေ့စဉ်ဘဝကို အသံတိတ် ကျော်ဖြတ်နေရပါတယ်။ စိတ်ကျန်းမာရေးနှင့် စိတ်ဖိစီးမှုသည် နက်ရှိုင်းစွာ အပြန်အလှန် ဆက်နွယ်နေပါတယ်။ 🧬 လေ့လာမှုများအရ အမျိုးသမီးများသည် အမျိုးသားများထက် စိတ်ပူပန်မှုများနှင့် စိတ်ဓာတ်ကျခြင်းများကို ကြုံတွေ့ရနိုင်ခြေ ပိုများကြောင်း တွေ့ရှိရပါတယ်။ 📈 စိတ်ဖိစီးမှုများသည် အမျိုးသမီးများ၏ဘဝထဲသို့ တိတ်တဆိတ်ဝင်ရောက်လာပြီး စိတ်တိုခြင်း၊ ပင်ပန်း နွမ်းနယ်ခြင်း၊ သတိမေ့တတ်လာခြင်းများအဖြစ် အသွင်ပြောင်းသွားတတ်ပါတယ်။ ⚠️ စိတ်ဖိစီးမှုများက အလုံးစုံ လွှမ်းမိုး မသွားခင် အစောပိုင်း လက္ခဏာတွေကို သတိပြုမိဖို့ အရေးကြီးပါတယ်။ ⚠️ ❇️ ရုပ်ပိုင်းဆိုင်ရာ…

Read More

5S & KAIZEN IMPROVEMENT AWARD

✨ ဇီဝက ဆေးဆိုင်များတွင် 5S ကို 18.3.2024 ရက်နေ့မှ စတင်၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါတယ်ရှင်✨ ၂၀၂၅ နောက်ဆုံး(၄)လပတ်အတွက် 5S & KAIZEN တိုးတက်မှု အရှိဆုံးဌာနများကတော့ Shop III, Shop IV နှင့် Account department တို့ဖြစ်ပါတယ်။ ၂၀၂၅ တစ်နှစ်ပတ်လုံး 5S & KAIZEN တိုးတက်မှု အရှိဆုံးဖြင့် အမှတ်အများဆုံး ရရှိခဲ့သည့် ဌာနမှာ Clinic Cashier & Pharmacy ဖြစ်ပါတယ်ရှင့်။ 🎉🎉 အမှတ်အများဆုံးရရှိခဲ့သည့် ဌာနများအား Certificate ပေးအပ်ခဲ့သည့် ပုံရိပ်များကိုလည်း အမှတ်တရမျှဝေရင်း ယခုနှစ်မှာလည်း ဇီဝကအနေဖြင့် 5S ကို ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်ရှင် 🏃‍♀️‍➡️🏃‍♀️‍➡️📈

Read More

🙏 ဇီဝကဆေးဆိုင်၏ လစဉ် အလှူ 🙏

လစဉ် လဆန်း ၂ရက်နေ့တိုင်း မန္တလေးမြို့၊ ဦးစီးပဓာနနာယက ဆရာ​တော် နိုင်ငံ​တော်သြဝါဒါစရိယ ​ရွှေကျင်ဂိုဏ်းအကျိုး​တော်​ဆောင်ချုပ် ဘဒ္ဒန္တ​ကောသလ္လ (ဝိဇ္ဇာလင်္ကာရကျောင်းတိုက်) သို့ ဆန်တစ်အိတ်၊ ဆီ ၅ပိဿာ လှူဒါန်းပါ၏ 🙏🙏🙏 🙏 ဤသို့လှူဒါန်းရပါသော အကျိုးအားကြောင့် ကျန်းမာရေးဝန်ဆောင်မှုကောင်းတွေ သည့်ထက်မကပေးနိုင်သော ဇီဝကဖြစ်ပါရစေ 🙏ဆေးစွမ်းထက်သောဆေးများ သည့်ထက်မကဖြန့်ဖြူးရောင်းချနိုင်သော ဇီဝကဖြစ်ပါရစေ 🙏မကျန်းမာသူများ ၊ ဆေးဝါးလိုအပ်သူများ၏ လက်တကမ်းတွင်ဆေးဝါးလိုအပ်ချက်များဖြည့်ဆည်းပေးနိုင်သော ဇီဝကဖြစ်ပါရစေ 🙏ရောဂါ၊ဝေဒနာခံစားနေရသူ မကျန်းမာသူအားလုံးသည်လည်း ကျန်းမာ၊ ချမ်းသာ၍ ကောင်းသောလိုရာဆန္ဒများအားလုံး ပြည့်စုံကြပါစေ။ 🙏ယခုအလှူတွင် ဇီဝက၏ဖောက်သည်တော်ကြီးများအလှူလည်း ပါဝင်တာကြောင့် ဇီဝက၏ဖောက်သည်တော်ကြီးများလည်း ကုသိုလ်ထပ်တူရရှိပါစေ…

Read More

🙏 ဇီဝကဆေးဆိုင်၏ လစဉ် အလှူ 🙏

လစဉ် လဆန်း ၂ရက်နေ့တိုင်း မန္တလေးမြို့၊ ဦးစီးပဓာနနာယက ဆရာ​တော် နိုင်ငံ​တော်သြဝါဒါစရိယ ​ရွှေကျင်ဂိုဏ်းအကျိုး​တော်​ဆောင်ချုပ် ဘဒ္ဒန္တ​ကောသလ္လ (ဝိဇ္ဇာလင်္ကာရကျောင်းတိုက်) သို့ ဆန်တစ်အိတ်၊ ဆီ ၅ပိဿာ လှူဒါန်းပါ၏ 🙏🙏🙏 🙏 ဤသို့လှူဒါန်းရပါသော အကျိုးအားကြောင့် ကျန်းမာရေးဝန်ဆောင်မှုကောင်းတွေ သည့်ထက်မကပေးနိုင်သော ဇီဝကဖြစ်ပါရစေ 🙏ဆေးစွမ်းထက်သောဆေးများ သည့်ထက်မကဖြန့်ဖြူးရောင်းချနိုင်သော ဇီဝကဖြစ်ပါရစေ 🙏မကျန်းမာသူများ ၊ ဆေးဝါးလိုအပ်သူများ၏ လက်တကမ်းတွင်ဆေးဝါးလိုအပ်ချက်များဖြည့်ဆည်းပေးနိုင်သော ဇီဝကဖြစ်ပါရစေ 🙏ရောဂါ၊ဝေဒနာခံစားနေရသူ မကျန်းမာသူအားလုံးသည်လည်း ကျန်းမာ၊ ချမ်းသာ၍ ကောင်းသောလိုရာဆန္ဒများအားလုံး ပြည့်စုံကြပါစေ။ 🙏ယခုအလှူတွင် ဇီဝက၏ဖောက်သည်တော်ကြီးများအလှူလည်း ပါဝင်တာကြောင့် ဇီဝက၏ဖောက်သည်တော်ကြီးများလည်း ကုသိုလ်ထပ်တူရရှိပါစေ…

Read More

နှလုံးအမောဖောက်ခြင်း

“Heart Attack” လို့ လူသိများကြတဲ့ “နှလုံးအမောဖောက်ခြင်း” ဆိုတာဟာ နှလုံးသွေးကြောပိတ်၍ နှလုံးကြွက်သားများ ပျက်စီးခြင်းပဲဖြစ်ပြီး အချိန်မီ မကုသနိုင်တဲ့အခါ အသက်အန္တရာယ်ကိုပါ စိုးရိမ်ရတတ်တဲ့ အရေးပေါ်ကျန်းမာရေးပြဿနာကြီးပဲဖြစ်ပါတယ်။ ♦️ သွေးတိုးနှင့် ဆီးချိုရောဂါဝေဒနာရှင်များ♦️ သွေးတွင်းအဆီဓာတ်များသူများ (Cholesterol or Triglycerides)♦️ အရက်နှင့်ဆေးလိပ် အလွန်အကျွံသောက်သူများ♦️ ကိုယ်လက်လှုပ်ရှားမှုနည်းပြီး အဝလွန်သူများ♦️ မိသားစုမျိုးရိုးအတွင်း နှလုံးဖောက်ခြင်း ဖြစ်ဖူးသူများ♦️ အသက်(၄၅)နှစ်အထက် အမျိုးသားများ♦️ အသက် (၅၅)နှစ်အထက် အမျိုးသမီးများမှာ နှလုံးရပ်တန့်ခြင်းများ ပိုမိုတွေ့ရှိနိုင်ပါတယ်။ “နှလုံးအမောဖောက်ခြင်း”ရဲ့ ရောဂါလက္ခဏာများအနေဖြင့် ရင်ဘတ်အောင့်ခြင်း၊ မူးဝေခြင်း၊ အသက်ရှူကြပ်ခြင်း၊ အလွန်အမင်း မောပန်းနွမ်းနယ်ခြင်းတို့ကို ခံစားရတတ်ပါတယ်။ 💊 ဒါကြောင့် နောက်ဆက်တွဲဆိုးကျိုး များကို အတတ်နိုင်ဆုံးလျှော့ချနိုင်ဖို့ Antihypertensives (သွေးတိုးကျဆေး)၊ Statins (သွေးတွင်းအဆီကျဆေး)၊ နှင့် Antiplatelets (သွေးမခဲဆေး)…

Read More

🦾 ပခုံးဆစ် အရွတ်ပြဲခြင်းအကြောင်း

အသက် (၅၀) နှင့် (၅၉) နှစ်ကြား အသက်အရွယ် အပိုင်းအခြားမှာ ‼️ ပုန်းလျှိုးကွယ်လျှိုး ဖြစ်နေတတ်တဲ့ ပခုံးဆစ် အရွတ်ပြဲခြင်းအကြောင်း ထိုအသက်အရွယ် အပိုင်းအခြားမှာ 🔴 လက်မောင်းအားမရှိသလို ခံစားရခြင်း၊ 🔴 လက်မောင်းမြှောက်ရ လှုပ်ရှားရ ခက်ခဲခြင်း၊ 🔴 ပခုံးနာခြင်းတို့သည် အသက်အရွယ်ရလာတာနဲ့အမျှ ကိုယ်သတိမထားမိဘဲ ပခုံးဆစ် အရွတ်ပြဲနေခြင်းကြောင့် အဖြစ်များတာကို တွေ့ရပါတယ်။ ပခုံးဆစ် အရွတ်ပြဲခြင်း (၂) မျိုး ရှိပါတယ်။1️⃣ Partial – အရွတ်သည် လက်မောင်းရိုးတွင် အနည်းငယ် ကပ်တွယ်နေသေးသည့် အမျိုးအစား2️⃣ Complete – အရွတ်သည် အရိုးနှင့် လုံးဝကွဲကွာသွားသည့် အမျိုးအစား ဟူ၍ ဖြစ်ပါတယ်။ အသက် (၅၀) ကျော်မှာ ဘာကြောင့် အဖြစ်များရလဲဆိုရင်🔺 ငေါထွက်လာတဲ့…

Read More