ကျောရိုးဆစ်ကျိုးခြင်းက ဘာကြောင့် ဖြစ်တာလဲ❓

‼️ အသက် (၆၀) ကျော်အရွယ်မှာ လက္ခဏာမပြဘဲ ပုန်းလျှိုးကွယ်လျှိုး ဖြစ်နေတတ်တဲ့ ကျောရိုးဆစ်ကျိုးခြင်း (Vertebral Fractures) အကြောင်းကို ဇီဝကဆေးဆိုင်မှ ဗဟုသုတအဖြစ် ဝေမျှလိုက်ပါတယ်ရှင်။ ကျောရိုးဆစ်ကျိုးခြင်းက ဘာကြောင့် ဖြစ်တာလဲ❓အဓိက အကြောင်းရင်းမှာ အရိုးပွရောဂါ (Osteoporosis) ကြောင့် ဖြစ်ပါတယ်။ အသက်အရွယ်ရလာတာနဲ့အမျှ အရိုးတွေရဲ့ သိပ်သည်းဆ လျော့နည်းလာပြီး ကျွတ်ဆတ်လာတဲ့အခါ⭕️ သာမန်လှုပ်ရှားမှုများဖြစ်တဲ့ အလေးအပင် မခြင်း၊ ရုတ်တရက် ခါးကို ကုန်းလိုက်ခြင်း သို့မဟုတ် လှည့်လိုက်ခြင်း။⭕️ အသေးအမွှား ထိခိုက်မှုဖြစ်တဲ့ လှေကားထစ်ကို အရှိန်နဲ့ ဆင်းမိတာ ဒါမှမဟုတ် ချော်လဲရုံလောက်နဲ့တင် ကျောရိုးဆစ်လေးတွေဟာ ဖိသိပ်ပြီး ကျိုးအက်သွားနိုင်ပါတယ်။⭕️ အာဟာရ ချို့တဲ့ကာ ကယ်လ်စီယမ်၊ ဗီတာမင် D နဲ့ ပရိုတင်းဓာတ် လုံလောက်စွာ မရရှိခြင်းက အရိုးတွေကို…

Read More

နေ့စဥ်ဘဝရဲ့ စိတ်ဖိစီးမှုတွေကြားမှာ ကိုယ့်ကိုယ်ကို ဘယ်လိုဂရုစိုက်ကြမလဲ

💁🏻‍♀️မနက်နိုးနိုးချင်းမှာတင် ဘာအလုပ်မှမလုပ်ရသေးဘဲ စိတ်ရောလူရော ပင်ပန်းနွမ်းနယ်နေပြီလား… အလုပ်တွေပုံနေလို့ စိတ်ဖိစီးတာထက် ဘာကိုမှအာရုံစိုက်မရတော့ဘဲ စိတ်ကုန်လူပန်းဖြစ်နေတာက ပိုပြီးပင်ပန်းရပါတယ်။ 🤗တစ်ခါတလေမှာ ကိုယ့်ကိုယ်ကိုယ် ပြန်ဂရုစိုက်ဖို့ မေ့လျော့နေတတ်တဲ့ ဒီလိုနေ့စဉ်ဘဝတွေမှာ Burnout ဖြစ်ခြင်းကို အကောင်းဆုံးကျော်ဖြတ်နိုင်ဖို့ ဒီအချက်လေးတွေကို အတူတူလုပ်ကြည့်ရအောင်နော်။ ☑️ပြန့်ကျဲနေတဲ့ စိတ်တွေကို ပြန်လည်စုစည်းတည်ငြိမ်သွားအောင် လုပ်ပေးဖို့ ၅ မိနစ်လောက်ပဲဖြစ်ဖြစ် ဖုန်းကိုချထားပြီး အသက်ပြင်းပြင်းရှူပေးပါ။ ☑️အိပ်ရေးပျက်တာက စိတ်ဖိစီးမှုကို ပိုဆိုးစေတာကြောင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်အောင် ဂရုစိုက်ပေးပါ။ ☑️အလုပ်များလွန်းလို့ အစာမှန်မှန်မစားဖြစ်တာ၊ ဗီတာမင်ဓာတ် လိုအပ်တာတွေကလည်း လူကို ပိုပြီးပင်ပန်းစေတာကြောင့် အချိန်မှန်မှန်၊အာဟာရပြည့်ပြည့် စားပေးပါ။ Jivaka Pharmacy အနေနဲ့ မိတ်ဆွေတို့ရဲ့ နေ့စဉ်ဘဝမှာ ကျန်းမာလန်းဆန်းနေစေဖို့ အမြဲဆန္ဒရှိပါတယ်။ 💜ဒါကြောင့် ဆေးဝါးတွေတင်မကဘဲ စိတ်ရောလူရော ကျန်းမာကြံ့ခိုင်စေမယ့် အားဆေးနဲ့ ဖြည့်စွက်စာတွေ၊ ကျန်းမာရေးဆိုင်ရာ…

Read More

အသက် (၇၀) ကျော်မှာ သတိမထားမိဘဲ ပုန်းလျှိုးကွယ်လျှိုး ဖြစ်နေတတ်တဲ့ အသံတိတ် အယ်လ်ဇိုင်းမားရောဂါ 

မိဘ၊ ဘိုးဘွားတွေက ကျန်းမာရေးလည်း ကောင်းတယ်၊ စကားပြောတာလည်း ပုံမှန်ပဲ၊ ဘာလက္ခဏာမှလည်း မပြဘူး… ဒါပေမဲ့ သူတို့ရဲ့ ဦးနှောက်ထဲမှာ ရောဂါတစ်ခုက အမြစ်တွယ်နေနိုင်တယ်ဆိုရင်ရော ယုံနိုင်ပါ့မလား❓ ဒီရောဂါကတော့ အသက် (၇၀) နဲ့ (၇၉) နှစ်ကြား လူကြီးတွေမှာ လက္ခဏာမပြတတ်ဘဲ အများဆုံးဖြစ်လေ့ရှိပြီး အပြင်ပန်းကြည့်ရင် လုံးဝမသိသာတဲ့ “Preclinical Alzheimer’s Disease” ဖြစ်ပါတယ်။ ဒီရောဂါအကြောင်းကို Jivaka Pharmacy ကနေ ဒီနေ့ အသေးစိတ် မျှဝေပေးချင်ပါတယ်။ Preclinical Alzheimer’s ဆိုတာ ဘာလဲ❓အယ်လ်ဇိုင်းမားရောဂါဟာ တစ်နေ့တည်းနဲ့ ဖြစ်လာတာမဟုတ်ပါဘူး။ မှတ်ဉာဏ်တွေ မချို့ယွင်းခင်၊ စကားတွေ ထစ်မလာခင် ဆယ်စုနှစ်နဲ့ချီပြီး ဦးနှောက်ထဲမှာ ပြောင်းလဲမှုတွေ ကြိုတင်ဖြစ်ပေါ်နေတာပါ။ ဒီအဆင့်ကို “Preclinical” (ရောဂါလက္ခဏာ မပြမီအဆင့်) လို့ ခေါ်ပါတယ်။ ဦးနှောက်ထဲမှာ…

Read More

🌐World Health Organization (WHO) ဖြစ်ပေါ်လာပုံအကြောင်းသိကောင်းစရာ

🌐 WHO (ကမ္ဘာ့ကျန်းမာရေးအဖွဲ့) မပေါ်ပေါက်ခင်ကတည်းက ကမ္ဘာတစ်ဝန်းမှာ ကာလဝမ်းရောဂါနဲ့ ပလိပ်ရောဂါလိုမျိုး ကူးစက်ရောဂါတွေကို ထိန်းချုပ်ဖို့ ကြိုးပမ်းခဲ့ကြပါတယ်။ ၁၈၅၁ ခုနှစ်မှာ ကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ သန့်ရှင်းရေးညီလာခံ (International Sanitary Conferences) ဟာ ဒီလိုပူးပေါင်းဆောင်ရွက်မှုတွေရဲ့ ကနဦးခြေလှမ်းလို့ ဆိုနိုင်ပါတယ်။👣 ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၅ ခုနှစ်မှာ ကုလသမဂ္ဂ (United Nations) ကို တည်ထောင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ လူသားအားလုံး အမြင့်ဆုံးကျန်းမာရေး အဆင့်အတန်းကို ရရှိခံစားနိုင်ဖို့အတွက် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအဖွဲ့အစည်းတစ်ခု လိုအပ်ကြောင်း ဘရာဇီးနဲ့ တရုတ်နိုင်ငံတို့က အဆိုတင်သွင်းခဲ့ကြပါတယ်။🤝 ဒါကြောင့် ၁၉၄၆ ခုနှစ်၊ နယူးယောက်မြို့မှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ ကျန်းမာရေးညီလာခံမှာ နိုင်ငံပေါင်း (၆၁) နိုင်ငံက WHO ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို သဘောတူလက်မှတ်ရေးထိုးခဲ့ကြပါတယ်။…

Read More

💁🏻‍♀️မိုးရာသီမှာ အဖြစ်များတဲ့ ရောဂါတွေကနေ ဘယ်လိုကာကွယ်မလဲ?

🌧မိုးရာသီရောက်လာပြီဆိုတော့ အေးမြတဲ့အငွေ့အသက်နဲ့အတူ ရောဂါဘယတွေကလည်း အမြဲကပ်ပါလာတတ်ပါတယ်။ 💁🏻‍♀️အခုလို မိုးရာသီမှာ အအေးမိ၊ နှာစေးရုံတင်မကဘဲ ကိုယ်မသိလိုက်ဘဲ ကပ်ပါလာတတ်တဲ့ ရောဂါပိုးတွေက ပတ်ဝန်းကျင်မှာ အများကြီးရှိနေပါတယ်။ဒီလိုရာသီမှာ အဓိကသတိထားရမယ့် အချက် (၃) ချက်ရှိပါတယ် … 💌ရေသန့်သန့်သောက်ဖို့နဲ့ အစားအသောက်သတိထားဖို့က ပထမဦးစားပေးအချက်ပါ။မိုးတွင်းမှာ ဝမ်းပျက်ဝမ်းလျှောတာနဲ့ အစာအဆိပ်သင့်တာတွေက အဖြစ်အများဆုံးမလို့ လမ်းဘေးစာတွေထက် အိမ်မှာချက်တဲ့ ပူပူနွေးနွေးအစားအစာတွေကို ပိုဦးစားပေးစားပေးပါ။ 💌ခြင်အန္တရာယ်ကို အထူးသတိပြုပါ။အိမ်ပတ်ဝန်းကျင်မှာ ရေတင်ကျန်တာမျိုးမရှိအောင် ဂရုစိုက်ပြီး ခြင်မကိုက်အောင် နေထိုင်ဖို့လိုအပ်ပါတယ်။ 💌ကိုယ်ခံအားစနစ် မြှင့်တင်ထားပါ။ရုတ်တရက် ရာသီဥတုအပြောင်းအလဲမှာ ခန္ဓာကိုယ်က လိုက်လျောညီထွေဖြစ်အောင် ဗီတာမင်စီနဲ့ လိုအပ်တဲ့အာဟာရဓာတ်တွေကို ဖြည့်စွက်ပေးသင့်ပါတယ်။ဒါ့အပြင် မိုးရာသီမှာအဖြစ်များတဲ့ ရာသီတုပ်ကွေးဒဏ်ကနေ ကာကွယ်နိုင်ဖို့အတွက်လည်း တုပ်ကွေးကာကွယ်ဆေးကို ကြိုတင်ထိုးနှံထားဖို့ တိုက်တွန်းပါရစေ။နေမကောင်းမှ ဆေးဆိုင်ပြေးတာထက် ကျန်းမာရေးနဲ့ပတ်သက်တဲ့ ကြိုတင်ကာကွယ်မှုတွေ လုပ်ထားတာက အကောင်းဆုံးပါ။ 🤗ဇီဝကဆေးဆိုင်မှာဆိုရင် မိုးရာသီအတွက်…

Read More

✨ အပူဒဏ်ကြောင့် အသက်အန္တရာယ် မထိခိုက်စေဖို့ Heatstroke ကာကွယ်ရေးလမ်းညွှန်

🌡 မြန်မာနိုင်ငံတစ်ဝှမ်း အပူချိန်က တစ်နေ့ထက်တစ်နေ့ စံချိန်တင် မြင့်တက်နေတာကြောင့် အပြင်ထွက်သွားလာသူတွေအနေနဲ့ အပူလျှပ်ခြင်း (Heatstroke) အန္တရာယ်ကို အထူးသတိထားဖို့ လိုအပ်လာပါတယ်။ ✨ အပူဒဏ်ကြောင့် အသက်အန္တရာယ် မထိခိုက်စေဖို့အတွက် Jivaka Pharmacy မှ သိထားသင့်တဲ့ ဆောင်ရန်၊ ရှောင်ရန် လမ်းညွှန်ချက်လေးတွေကို မျှဝေပေးလိုက်ပါတယ်ရှင်။ ✅ လုပ်ဆောင်သင့်သည့် အချက်များ 🟧 ရေငတ်သည်ဖြစ်စေ၊ မငတ်သည်ဖြစ်စေ တစ်နေ့တာလုံး ရေကို ခပ်စိပ်စိပ် သောက်ပေးပါ။ လိုအပ်ပါက ဓာတ်ဆားရည် သောက်သုံးပေးနိုင်ပါတယ်။ 🟧 ချည်သားကဲ့သို့ လေဝင်လေထွက်ကောင်းပြီး အရောင်ဖျော့တဲ့ အဝတ်အစားတွေကို ဝတ်ဆင်ပါ။ 🟧 အပြင်ထွက်ရင် ထီး၊ ဦးထုပ်၊ နေကာမျက်မှန်များ အသုံးပြုပြီး Sunscreen ကိုလည်း မမေ့မလျော့ လိမ်းပေးပါ။ 🟧 အပူချိန်ပြင်းချိန်တွင်…

Read More

🤔ရာသီအကူးအပြောင်းမှာ တုပ်ကွေးမဖြစ်အောင် ဘယ်လိုကာကွယ်မလဲ

မြန်မာနိုင်ငံရဲ့ လက်ရှိရာသီဥတုက တကယ်ပဲ ခန့်မှန်းရခက်ပါတယ်။ မနက်ပိုင်းမှာ ပူချင်ပူနေပြီး ညနေပိုင်းမှာ မိုးက ရုတ်တရက်သည်းကြီးမဲကြီး ရွာချတတ်တာမျိုးပါ။ ဒီလို အပူအအေးမမျှတတဲ့ ရာသီအကူးအပြောင်းမှာ ရာသီတုပ်ကွေးဗိုင်းရပ်စ်တွေ အလွယ်တကူ ဝင်ရောက်တတ်ပါတယ်။ 🤔 ဘာကြောင့် အခုလိုအချိန်မှာ ပိုဖြစ်ရတာလဲ?အပူချိန် ရုတ်တရက်ပြောင်းလဲသွားတဲ့အခါ ခန္ဓာကိုယ်ရဲ့ အပူချိန်ထိန်းညှိမှုစနစ် (Thermoregulation) က အလုပ်ပိုလုပ်ရလို့ ကိုယ်ခံအား ခဏတာကျဆင်းသွားတတ်ပါတယ်။ လေထုထဲမှာလည်း စိုထိုင်းဆများလာတာကြောင့် ဗိုင်းရပ်စ်တွေပိုမိုပွားများလာတာကြောင့်ဖြစ်ပါတယ်။ 🤒 ဘယ်လိုလက္ခဏာတွေ ပြတတ်သလဲ?ရိုးရိုးအအေးမိတာထက် တုပ်ကွေးက လူကိုပိုပြီးပင်ပန်းစေပါတယ်။ ▫️ ကိုယ်အပူချိန် ရုတ်တရက်တက်လာခြင်း ▫️ ချောင်းဆိုးခြင်း၊ လည်ပင်းနာခြင်း ▫️ နှာစေး၊ နှာပိတ်ခြင်း ▫️ ခြေကုန်လက်ပန်းကျပြီး နုံးချိခြင်း ▫️ ကြွက်သား၊ အဆစ်အမြစ်များ ကိုက်ခဲခြင်း 🛡 ရာသီတုပ်ကွေးကာကွယ်ဖို့ နည်းလမ်းကောင်းများတုပ်ကွေးကကူးစက်မြန်တာကြောင့်…

Read More

အူမကြီးအတွင်းက “ပုန်းလျှိးကွယ်လျှိး” အဖုအကျိတ်လေးများ (Colon Polyps) အကြောင်း 🔍

အသက် ၅၀ ကျော်လာပြီဆိုရင် ဒါကို လုံးဝ လျစ်လျူမရှုသင့်ပါဘူး။ ❌မိမိကိုယ်မိမိ ကျန်းမာတယ်လို့ ထင်နေရပေမယ့် ခန္ဓာကိုယ်ထဲမှာ လက္ခဏာမပြဘဲ တိတ်တဆိတ် ကြီးထွားနေတတ်တဲ့ အရာလေးတွေ ရှိတတ်ပါတယ်။ အဲ့ဒါကတော့ Colon Polyp လို့ခေါ်တဲ့ အူမကြီးအသားပို အဖုအကျိတ်လေးတွေပဲ ဖြစ်ပါတယ်။ 🩺အထူးသဖြင့် အသက် (၅၀) နဲ့ (၅၉) နှစ်ကြားမှာ ဒီအသားပိုလေးတွေ ဖြစ်ပွားနိုင်ခြေ ပိုများလာတတ်ပါတယ်။ ၁။ Colon Polyp ဆိုတာ ဘာလဲ? 🤔အူမကြီးရဲ့ အတွင်းဘက် နံရံမှာ ဖြစ်ပေါ်လာတဲ့ ဆဲလ်အစုအဝေးလေးတွေ ဖြစ်ပါတယ်။ အများစုကတော့ အန္တရာယ်မရှိတဲ့အဆင့်မှာ ရှိနေတတ်ပေမယ့် အချိန်ကြာလာတာနဲ့အမျှ အချို့သော အဖုလေးတွေကနေ အူမကြီးကင်ဆာအဖြစ် ပြောင်းလဲသွားနိုင်ပါတယ်။ ⚠️ ၂။ ဘာကြောင့် “ပုန်းလျှိုးကွယ်လျှိုး” လို့…

Read More

ဆီးချိုရောဂါကိုမျက်ကွယ်ပြုမိနေပြီလား

💁🏻‍♀️ ဆီးချိုရောဂါဟာ အစောပိုင်းမှာ လက္ခဏာမပြဘဲ တိတ်တဆိတ်ဝင်ရောက်လာတတ်ပါတယ်။ ဒါပေမဲ့ ရေရှည်မှာ နောက်ဆက်တွဲပြဿနာတွေနဲ့အတူ အသက်အန္တရာယ်အထိ စိုးရိမ်ရနိုင်တာကြောင့် လုံးဝ(လုံးဝ) မပေါ့ဆသင့်ပါဘူး။ 📌ရေအများကြီးသောက်ပြီးတာတောင် ရေဆာမပြေခြင်း 📌အိပ်ရေးပျက်စေတဲ့အထိ ဆီးခဏခဏသွားချင်နေခြင်း 📌လှုပ်ရှားမှုအနည်းငယ်လုပ်ရုံနဲ့ အလွန်အမင်း မောပန်းသလို ခံစားနေရခြင်း 📌အနာကျက်နှေးပြီး အရေပြားယားယံခြင်း စတဲ့လက္ခဏာတွေ ခန္ဓာကိုယ်မှာ ခဏခဏဖြစ်လာပြီဆိုရင်တော့ ကျန်းမာရေးကို ပြန်စစ်ဆေးဖို့ လိုအပ်နေပါပြီ။ 🥰ကာကွယ်ခြင်းက အကောင်းဆုံးကုသခြင်းဖြစ်လို့ ဒီလိုလက္ခဏာတွေ ခံစားလာရပြီဆိုတာနဲ့ မှန်ကန်တဲ့စစ်ဆေးကုသမှုတွေကို အမြန်ဆုံးခံယူလိုက်ပါရှင်။ 🏠ဇီဝကဆေးဆိုင်(၁) လမ်း(၃၀)၊ (၇၆)လမ်းနှင့် (၇၇)လမ်းကြား၊ မန္တလေးမြို့။ 🏠ဇီဝကဆေးဆိုင်(၂) လမ်း(၃၀)၊ (၇၄)လမ်းထောင့်၊ မန္တလေးမြို့။ 🏠ဇီဝကဆေးဆိုင်(၃) မနော်ဟရီလမ်း (၁၁၀လမ်း)၊ (၆၂)လမ်းနှင့် (၆၄)လမ်းကြား၊ မန္တလေးမြို့။ 🏠ဇီဝကဆေးဆိုင်(၄) ၃၈လမ်း၊ (၇၈)လမ်းနှင့် (၇၉)လမ်းကြား၊ မန္တလေးမြို့။

Read More

ညဘတ်အိပ်မပျော်တဲ့ရောဂါကိုဘယ်လိုကုစားကြမလဲ

💁‍♀️လူတိုင်းလိုလို ကြုံတွေ့နေရတဲ့ ညဘက် အိပ်မပျော်ခြင်းက သင့်ရဲ့ တစ်နေ့တာ လုပ်ဆောင်နိုင်စွမ်းနဲ့ ကျန်းမာရေးကို ကြီးကြီးမားမား ထိခိုက်စေနိုင်ပါတယ်။ တကယ်တော့ အိပ်ပျော်ဖို့ဆိုတာ နည်းလမ်းကောင်းလေးတွေ သိထားရင် မခက်ခဲပါဘူး။ သဘာဝအတိုင်း အိပ်ချိန်တိုးတက်အောင် လုပ်ဆောင်ရန် နည်းလမ်းလေးတွေကို ဇီဝကမှ ချစ်ခြင်းများစွာဖြင့် မျှဝေပေးလိုက်ပါတယ်… 🟪နေ့စဉ် အိပ်ရာဝင်ချိန်၊ အိပ်ရာထချိန်ကို အချိန်မှန်မှန် သတ်မှတ်ထားပါ။ 🟪အိပ်ခါနီး အနည်းဆုံး မိနစ် ၃၀ (သို့မဟုတ်) ၁ နာရီအလိုကတည်းက ဖုန်းကို လက်ကချထားပါ။ 🟪အိပ်ခန်းကို မှောင်နေအောင်နဲ့ အေးမြနေအောင် အခန်းကိုထားရှိပါ။ 🟪အိပ်ခါနီး အစာအများကြီး စားတာမျိုး၊ အရမ်းစပ်သော အစားအစာများကို စားတာမျိုးအား ရှောင်ကြဉ်ပါ။ 🟪ညနေပိုင်းတွေမှာ ကဖင်းဓာတ်ပါတဲ့ လက်ဖက်ရည်၊ ကော်ဖီတို့ကို ရှောင်ကြဉ်ပါ။ 🟪အိပ်ခါနီး ရေနွေးနွေးလေးနဲ့ ရေချိုးတာ…

Read More